Vietnam

ဗီယက်နမ်ကော်ဖီတင်ပို့မှု စံချိန်သစ်တင်ရန် မျှော်လင့်

Last Updated:

ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုသည်  ၂၀၂၃ ခုနှစ်အတွင်း ယခင်နှစ် တင်ပို့ခဲ့သည့် ပို့ကုန်တန်ဖိုး  အမေရိကန်ဒေါ်လာ ၄ ဘီလီယံစံချိန်ကို ကျော်လွန်ကာ စံချိန်သစ်တင်နိုင်မည်ဟု မျှော်လင့်ရသည်။စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၏ အဆိုအရ ဗီယက်နမ်နိုင်ငံသည် ပြည်ပသို့ ကော်ဖီတန်ချိန် ၁.၃၆ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၅ ဘီလီယံနီးပါး ရရှိခဲ့ကြောင်း သိရသည်။

ဗီယက်နမ်နိုင်ငံသည် ၂၀၂၃ -၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကော်ဖီသီးနှံသစ်ကို စတင်ခဲ့ပြီး နိုင်ငံ၏ကော်ဖီတင်ပို့မှု ဈေးနှုန်းမှာ သိသိသာသာ မြင့်တက်လာခဲ့သည်။ ကော်ဖီတင်ပို့သည့် စျေးနှုန်းသည် အောက်တိုဘာလတွင် တစ်တန်လျှင် ၃,၆၀၃ ဒေါ်လာသို့ စံချိန်တင်မြင့်မားခဲ့ပြီး လစဉ် ၈.၉ ရာခိုင်နှုန်းနှင့် ယခင်နှစ် အလားတူကာလထက် ၄၀.၇ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

ဗီယက်နမ်သည် ကော်ဖီစိုက်ပျိုးဧရိယာဟက်တာ ၇၁၀,၀၀၀ ကျော်ဖြင့် ကမ္ဘာပေါ်တွင် အဆင့်ခြောက်နေရာတွင်ရှိနေသော်လည်း ၎င်း၏အထွက်နှုန်းမြင့်မားမှုကြောင့် ကော်ဖီအထွက်နှုန်းမှာ ဒုတိယအများဆုံးဖြစ်သည်။ သို့သော်လည်း စုစုပေါင်း ဧရိယာအတွင်း ဟက်တာ ၁၈၅,၀၀၀ သာ အမျိုးအစားကွဲပြားသော ကော်ဖီစိုက်ပျိုးမှုများအတွက် ရေရှည်တည်တံ့သော ထုတ်လုပ်မှုလက်မှတ်များကို ရရှိခဲ့ပါသည်။

ကျွမ်းကျင်သူများက နိုင်ငံတကာစျေးကွက်များ၏ တင်းကျပ်သောလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် ထိုကဲ့သို့သောဧရိယာများကို တိုးချဲ့ရန် လိုအပ်ကြောင်း အကြံပြုထားသည်။

လက်ရှိတွင် EU သည် ဗီယက်နမ်၏ ကော်ဖီအများဆုံးတင်သွင်းသူဖြစ်ပြီး ၎င်းနောက်တွင်အမေရိကန်နှင့် ဂျပန်တို့ပါဝင်သည်။ တရုတ်နိုင်ငံသို့ ကော်ဖီတင်ပို့မှုသည် မြင့်မားသော အချိုးအစားတွင် မပါဝင်သော်လည်း ဗီယက်နမ် စီးပွားရေးလုပ်ငန်းများသည် တစ်နှစ်လျှင် ပျမ်းမျှ ၂၅ ရာခိုင်နှုန်းကျော် တင်သွင်းသည့် ဤဈေးကွက်ကို အာရုံစိုက်နေကြသည်။

ကမ္ဘာ့ကော်ဖီဈေးကွက်သည် ပြိုင်ဆိုင်မှု ပြင်းထန်နေပြီး ဗီယက်နမ်ရှိ စီးပွားရေးလုပ်ငန်းများအပြင် အခြားကော်ဖီထုတ်လုပ်သည့် နိုင်ငံများသည် ၎င်းတို့၏ ထုတ်ကုန်များကို ကွဲပြားစေရန်နှင့် တင်းကျပ်သော အရည်အသွေးစံနှုန်းများနှင့် ယှဉ်ပြိုင်ရန်လိုအပ်ကြောင်း ဖော်ပြထားပါသည်။

ကော်ဖီစျေးကွက်ကျွမ်းကျင်သူ Nguyen Quang Binh အဆိုအရ လက်ရှိတွင် E.U နှင့် အမေရိကန်ကဲ့သို့သော အဓိကစျေးကွက်များသည် ကော်ဖီစေ့များ တင်သွင်းခြင်းအစား ပြုပြင်ထားသော ကော်ဖီတင်သွင်းမှုသို့ပြောင်းလဲကာ  ၎င်းတို့၏ စားသုံးမှုလိုအပ်ချက်ကိုလိုက်၍ တင်သွင်းလျက်ရှိပါသည်။

ထို့ကြောင့် ဗီယက်နမ်သည် ကော်ဖီထုတ်ကုန်များ၏တန်ဖိုးကို မြှင့်တင်ရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်မှန်းရန်အတွက် ကော်ဖီထုတ်ကုန်ပြုပြင် ထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေးဆောင်ရွက်ရမည်ဖြစ်သည်။ ဗီယက်နမ်သည် ၎င်း၏ ကော်ဖီထွက်ကုန်များ၏ တန်ဖိုးကို တိုးမြင့်လာစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှု ရရှိရန်အတွက် ပြုပြင်ထုတ်လုပ်သည့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံမှုကို ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ဆိုလိုသည်မှာ ကော်ဖီ၏ အရည်အသွေး၊ အရသာနှင့်ရနံ့တို့ကို မြှင့်တင်ပေးနိုင်သော နည်းပညာများနှင့် အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြုပ်နှံခြင်းအပြင် သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျှော့ချနိုင်ပြီး ကော်ဖီစိုက်တောင်သူများအတွက် လူမှုဖူလုံရေး တိုးတက်ကောင်းမွန်စေမည့် ရေရှည်တည်တံ့သော စိုက်ပျိုးရေးအလေ့အကျင့်များတွင် ရင်းနှီးမြုပ်နှံခြင်းကို ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းဖြင့်  ဗီယက်နမ်သည် ပြောင်းလဲလာသော ကမ္ဘာလုံးဆိုင်ရာ စားသုံးသူများ၏ လိုအပ် ချက်များကို ဖြည့်ဆည်းပေးရုံသာမက ကမ္ဘာ့ကော်ဖီ ဈေးကွက်တွင် ၎င်း၏ ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ကာ ကော်ဖီလုပ်ငန်းတွင် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်နိုင်မည်ဖြစ်ကြောင်းသုံးသပ်ရပါသည်။

 

 

Source: VN Express international

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam