Vietnam

ဗီယက်နမ်အစိုးရက စက်သုံးဆီအပေါ်ကောက်ခံသည့် အခွန်အား ၂၀၂၄ ခုနှစ်နှောင်းပိုင်းအထိ ကောက်ခံခြင်းမပြုရန် အဆိုပြုတင်ပြ

Last Updated:

ဗီယက်နမ်အစိုးရ စက်သုံးဆီအပေါ် ကောက်ခံသည့်အခွန် (Environment Tax) ကောက်ခံမှုလျှော့ချရန် အဆိုပြုချက်အား အမျိုးသားလွှတ်တော် အမြဲတမ်း ကော်မတီထံမှ အတည်ပြုချက်ရယူရန် တောင်းဆိုထားကြောင်း The Sigon times အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပြုချက်တွင်ဖော်ပြချက်အရ  ဓာတ်ဆီ တစ်လီတာလျှင် VND ၂,၀၀၀၊ လေယာဉ်ဆီအတွက် VND ၁,၀၀၀၊ ဒီဇယ်ဆီ၊ အကြီးစား လောင်စာဆီ၊ ချောဆီနှင့် ချောဆီနှင့် ရေနံဆီအတွက် VND ၆၀၀ ပေးရမည်ဖြစ်ပါသည်။ ဤအခွန်နှုန်းထားများကို ဆက်လက်သက်တမ်းတိုးရန်အတွက် အတည်ပြုပါက သုံးစွဲသူများအနေဖြင့် ဓာတ်ဆီတစ်လီတာလျှင် VND ၁,၀၀၀ မှ VND ၂,၂၀၀ နှင့် ရေနံဆီတစ်လီတာလျှင် VND ၆၆၀ အကျိုးခံစားခွင့်ရရှိမည်ဖြစ်သည်။

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်၍ စက်သုံးဆီအမျိုးအစား အမျိုးမျိုးအပေါ် အခွန်နှုန်းထား တိုးမြှင့်သွားမည်ဖြစ်ပါသည်။ အထူးသဖြင့် ဓာတ်ဆီတစ်လီတာ လျှင် VND ၄,၀၀၀ အခွန်ဆောင်ရမည်ဖြစ်ပြီး၊ လေယာဉ်ဆီ တစ်လီတာလျှင် VND ၃၀၀၀၊ ဒီဇယ်ဆီ၊ အကြီးစား လောင်စာဆီနှင့် ချောဆီတစ်လီတာလျှင် VND ၂၀၀၀၊ ရေနံဆီ တစ်လီတာလျှင် VND ၁၀၀၀ နှင့် ချောဆီတစ်လီတာလျှင် VND ၂,000 ဖြစ်ကြောင်း သိရှိရပါသည်။

ထိုသို့လျှော့ချမှုကြောင့် စက်သုံးဆီကဏ္ဍမှ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခွန်ငွေနှစ်စဉ် VND ၃၈.၉၂၉ ဘီလီယံ လျော့ကျမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း စီးပွားရေးလုပ်ငန်းများနှင့် စားသုံးသူများအတွက် တည်ငြိမ်သော စက်သုံးဆီဈေးနှုန်းကို ထိန်းသိမ်းထားရန်နှင့် ငွေကြေးဖောင်းပွနေသည့် အချိန်အတွင်း မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို အထောက်အကူဖြစ်စေရန်အတွက် အစိုးရက သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအခွန်ကို လျှော့ချရန် အရေးကြီးကြောင်း အလေးပေးဖော်ပြထားသည်။

ဗီယက်နမ်အစိုးရက ၂၀၂၂ ခုနှစ် ဧပြီလတွင် ပြုလုပ်ခဲ့သော ဆုံးဖြတ်ချက်ကြောင့် လက်ရှိပတ်ဝန်းကျင် ကာကွယ်ရေးအခွန်နှုန်းထားများသည် မူလအခွန် စည်းကြပ်မှုထက် ယာယီလျော့နည်းနေပြီး အဆိုပါနှုန်းထားများသည် သက်တမ်းတိုးခြင်းအား အတည်မပြုပါက ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် မူလအဆင့်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam