USA

အမေရိကန်-ထိုင်ဝမ် (တရုတ်) (၂၁) ရာစု ကုန်သွယ်ရေးအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှု အကျဉ်းချုပ် ထုတ်ပြန်

Last Updated:

အမေရိကန် - ထိုင်ဝမ် (တရုတ်) (၂၁) ရာစု ကုန်သွယ်ရေးအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှု အကျဉ်းချုပ်ကို ၅-၄-၂၀၂၄ ရက်တွင် အမေရိကန် ကုန်သွယ်မှုကိုယ်စားလှယ်ရုံး (U.S. Trade Representative) က  “USTR Releases Summaries from U.S. – Taiwan 21st Century Trade Initiative Negotiations” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။       

သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ ကတိကဝတ်ဖြစ်သည့် ကုန်သွယ်မှု သဘောတူညီချက်များ  ဆွေးနွေးညှိနှိုင်းရာတွင် ပွင့်လင်းမြင်သာမှုရှိခြင်း ဆောင်ရွက်ချက်အဖြစ် အမေရိကန်-ထိုင်ဝမ် (တရုတ်) (၂၁)ရာစု ကုန်သွယ်ရေးအစီအစဉ်နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုတွင် အမေရိကန်နိုင်ငံဘက်က အလုပ် သမား၊ ပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် စိုက်ပျိုးရေးကဏ္ဍတို့နှင့် ပတ်သက်သော အဆိုပြုချက် အကျဉ်းချုပ်ကို  အမေရိကန်ကုန်သွယ်မှု ကိုယ်စားလှယ်ရုံးက ထုတ်ပြန်ခဲ့ပါသည်။ အမေရိကန်-ထိုင်ဝမ် (တရုတ်) (၂၁) ရာစု ကုန်သွယ်ရေးအစီအစဉ်သည် ထိုင်ဝမ် (တရုတ်) ရှိ American Institute in Taiwan (AIT) နှင့် အမေရိကန်နိုင်ငံရှိ Taipei Economic and Cultural Representative Office in United States (TECRO) တို့၏ ပူးပေါင်းဆောင်ရွက်မှုအောက်တွင် ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် ရေးဆွဲခဲ့သည့် စီးပွားရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်သွားရေး ဖော်ပြပါရှိသည့် အမေရိကန်နှင့် ထိုင်ဝမ် (တရုတ်) တို့၏ Negotiation Mandate အရ ကုန်သွယ်ရေးဆိုင်ရာ အစီအစဉ်များကို ဆောင်ရွက်သွားရန် နှစ်ဖက်ကတိကဝတ်များအပေါ် မူတည်၍ ဆွေးနွေးခဲ့ခြင်း ဖြစ်ပါကြောင်းနှင့် အမေရိကန်နိုင်ငံအနေဖြင့် ဤဆွေးနွေးညှိနှိုင်းမှုကို ထိုင်ဝမ်နှင့် ဆက်ဆံရေးအက်ဥပဒေ (Taiwan Relation Act)၊ အမေရိကန်-တရုတ်ပူးတွဲကြေညာချက် (၃) ချက် (Three U.S. – China Joint Communiques) နှင့် Six Assurances ပါဖော်ပြချက်များနှင့်အညီ အမေရိကန်နိုင်ငံ၏ One China Policy အရ ဆွေးနွေးညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

 

 

Source: https://ustr.gov/about-us/policy-offices/press-office/press-releases/2024/april/ ustr-releases-summaries-us-taiwan-21st-century-trade-initiative-negotiations

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA