Thailand

ကျဆင်းလာသော လောင်စာဆီဈေးနှုန်းကြောင့် ထိုင်းနိုင်ငံအတွင်း ငွေကြေးဖောင်းပွမှုနှုန်းကျဆင်း လာဖွယ်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး မူဝါဒနှင့် မဟာ ဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Poopong Naiyanapakorn က ၂၀၂၃ ခုနှစ်အတွက် ငွေကြေးဖောင်းပွမှုနှုန်းသည် စတင်ကျဆင်းလာမည်ဖြစ်ပြီး ပျမ်းမျှအားဖြင့် ၁.၇-၂.၇ ရာခိုင်နှုန်း အတွင်း ခန့်မှန်းထားကြောင်း ဆိုပါသည်။

ကုန်စည်နှင့် ဝန်ဆောင်မှုများ၏ ဈေးနှုန်းများ တည်ငြိမ်နေပြီး လောင်စာဆီဈေးနှုန်းများ ကျဆင်းနေသောကြောင့် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၁ ရာခိုင်နှုန်းအထိ သိသိသာသာကျဆင်းနိုင် ကြောင်း၊ မေလမှ ဩဂုတ်လအတွင်း လျှပ်စစ်ဓာတ်အားခကို ၄.၇၀ ဘတ် သတ်မှတ်လိုက်သဖြင့် မေလ အတွင်း ငွေကြေးဖောင်းပွမှုနှုန်း အကျအခြေအနေအတိုင်း ထိန်းထားနိုင်မည်ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

ဧပြီလအတွင်း အဓိက ငွေကြေးဖောင်းပွမှုနှုန်းတွင် တက်လွယ်ကျလွယ်ဖြစ်သော အစားအစာ နှင့် စွမ်းအင်ဈေးနှုန်းများ မပါဝင်ပါက ၁.၆၆ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ဧပြီလအတွင်း အစားအစာ၊ အရက်မဟုတ်သော အဖျော်ယမကာ၊ လတ်ဆတ်သော အသီးအရွက်များနှင့် အသီးအနှံများသာမက ဥဈေးနှုန်းများ မြင့်တက်လာသဖြင့် စားသုံးသူဈေးနှုန်းညွှန်ကိန်း (Consumer Price Index-CPI) ၀.၁၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း ၎င်း၏ ပြောကြားချက်အရ သိရှိရပါသည်။

ငွေကြေးဖောင်းပွမှုနှုန်းကို ကျဆင်းနိုင်သည်ဟု ခန့်မှန်းထားသော်လည်း အချက်အပြုတ်သုံး ဂတ်စ်ဈေးနှုန်းမြင့်တက်လာမှု၊ ခရီးသွားများ၏ ဝယ်လိုအားမြင့်တက်လာမှုနှင့် အစိုးရ၏ လှုံ့ဆော်မှု များသည် ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်စေသော  အချက်များဖြစ်ကြောင်း Mr. Poopong က မှတ် ချက်ပြုပါသည်။

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov

Category: Thailand