China(Nanning)

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့်ဖွံ့ဖြိုးတိုးတက်ရေးဇုန်များသည် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တည်ငြိမ်စေရန်အတွက် အရေးကြီးသော စင်္ကြံများဖြစ်လာ

Last Updated:

တရုတ်နိုင်ငံ၏ နိုင်ငံတော်အဆင့် စီးပွားရေးနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးဇုန်များသည် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံခြားကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တည်ငြိမ်ရေးတို့တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်ဟု တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာန၏ တရားဝင်အချက်အလက်များအရ ဖွံ့ဖြိုးတိုးတက်ရေးဇုန် (၂၃၀) ခုတွင် နိုင်ငံခြားကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၁၀.၃) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၄၅ ထရီလီယံခန့်) ရှိပြီး တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု စုစုပေါင်း၏ (၂၅) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

အထူးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးဇုန်များရှိ နည်းပညာမြင့်ထုတ်ကုန်များ ကုန်သွယ်မှုသည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၃) ထရီလီယံအထိရောက်ရှိခဲ့ပြီး တရုတ်နိုင်ငံရှိ နည်းပညာမြင့်ထုတ်ကုန်များ စုစုပေါင်းကုန်သွယ်မှု၏ (၂၇) ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။

အဆိုပါ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ (၄၃.၂) ဘီလီယံဝန်းကျင်ရှိပြီး နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှု စုစု ပေါင်း၏ (၂၃) ရာခိုင်နှုန်းအထိ ရှိကြောင်း အချက်အလက်များအရ သိရှိရပါသည်။

ပြည်နယ်အဆင့် သုတေသနအဖွဲ့အစည်းအရေအတွက်သည် ၂၀၂၂ နှစ်ကုန်တွင် (၁၂၀၀) အထိ တိုးတက်လာခြင်းနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးဇုန်များသည် သိပ္ပံနှင့် နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုစွမ်းရည်များကို ပိုမိုအားကောင်းလာစေသည်ဟု ဆန်းစစ်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။

တရားဝင်အချက်အလက်များအရ အဆိုပါဇုန်များ၏ စုစုပေါင်း GDP သည် ၂၀၂၂ ခုနှစ်တွင် ယွမ် (၁၄) ထရီလီယံအထိ ရောက်ရှိလာပြီး တရုတ်နိုင်ငံ၏ စုစု ပေါင်း GDP တွင် (၁၂) ရာခိုင်နှုန်း ပါဝင်ခဲ့ကြောင်း သိရှိရပါသည်။

 

 

Source: https://english.news.cn/20240101/a6b53136a9864b37bf76553de4e000e8/c.html

(စီးပွားရေးသံမှူး၊ နန်နင်းမြို့)

Category: China(Nanning)