Vietnam

၂၀၂၄ ခုနှစ် အာရှစီးပွားရေး တိုးတက်မှုအမြန်ဆုံးစာရင်းတွင် ဗီယက်နမ်နိုင်ငံသည် အဆင့် ၆ နေရာတွင် ရောက်ရှိ

Last Updated:

အမေရိကန်နိုင်ငံ ဝက်ဘ်ဆိုဒ် finance.yahoo.com တွင် ဧပြီလ ၄ ရက်နေ့က ထုတ်ဝေသည့် ဆောင်းပါးတွင် ဖော်ပြချက်အရ ဗီယက်နမ်နိုင်ငံသည် အာရှ၏ စီးပွားရေးတိုးတက်မှု အမြန်ဆုံးစာရင်းတွင် အဆင့် ၆ နေရာတွင် ပါဝင်ကြောင်း သိရှိရပါသည်။

အဆိုပါ ဆောင်းပါးတွင် ဗီယက်နမ်နိုင်ငံ၏ အမှန်တကယ် GDP တိုးတက်မှုသည် ၅.၈ ရာခိုင်နှုန်းနှင့် တစ်ဦးချင်း ဂျီဒီပီတိုးတက်မှုနှုန်း ၇.၄၁ ရာခိုင်နှုန်းသို့ ရောက်ရှိရန် ခန့်မှန်းချက်များကို ကိုးကားဖော်ပြထားသည်။

ဂျီဒီပီတိုးတက်မှုနှုန်းအရ နိုင်ငံများ၏ အဆင့်သတ်မှတ်ချက်တွင် ဗီယက်နမ်နိုင်ငံသည် အရှေ့တောင်အာရှတွင် ပြိုင်ဆိုင်မှု အနေအထားတွင်ရှိပြီး ထိပ်ဆုံးနေရာကို ရယူထားသည့် မကာအို SAR (China) နောက်တွင် ရပ်တည်လျက်ရှိသည်။ ဗီယက်နမ်နိုင်ငံနောက်တွင် အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့်ရှ်၊ ဖိလပ်စပိုင်တို့ ရပ်တည်လျက်ရှိသည်။ အရှေ့တောင်အာရှတွင် အင်ဒိုနီးရှားက အဆင့် ၁၀၊ မလေးရှားက အဆင့် ၁၄၊ လာအိုက ၁၈ နှင့် ထိုင်းက အဆင့် ၂၀ ရှိကြောင်း သိရှိရပါသည်။

အာရှနိုင်ငံများအတွက် စီးပွားရေးတိုးတက်မှု ၄.၅ ရာခိုင်နှုန်း တိုးလာမည်ဟု ခန့်မှန်းထားသဖြင့် ယခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးတိုးတက်မှု စုစုပေါင်း ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ပံ့ပိုးပေးမည်ဟုမျှော်လင့်ရသည်။

သို့ရာတွင် စဉ်ဆက်မပြတ် စီးပွားရေး ပြန်လည်နာလန်ထူရန်အတွက် ထိရောက်သော စွန့်စားစီမံခန့်ခွဲမှု၏ အရေးပါမှုကို ဆောင်းပါးတွင် ဖော်ပြထားသည်။ အာရှစီးပွားရေးတွင် ရင်ဆိုင်နေရသော အဓိကစိန်ခေါ်မှုများမှာ တရုတ်နိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အိမ်ခြံမြေအကျပ် အတည်း၊ အကြွေးတင်နေသော နိုင်ငံများတွင် ငွေကြေးမတည်မငြိမ်မှု ဖြစ်နိုင်ချေများ၊ ထိရောက်မှု မရှိသော ထောက်ပံ့ရေးကွင်းဆက်များနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များ မြင့်တက်လာခြင်းတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

        

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam