China (HongKong)

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ဟောင်ကောင်ဒေသသို့ ခရီးသွား ၁၁ သန်း လာရောက်

Last Updated:

ခရီးသွားဧည့်သည်များ ပိုမိုလာရောက်စေရေး အစီအမံသစ်များ လုပ်ဆောင်သွားရန် ဟောင်ကောင် ခရီးသွားလုပ်ငန်းဘုတ်အဖွဲ့ (HKTB) မှ ကြေညာခဲ့သောကြောင့် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွင်း ဟောင်ကောင်ဒေသသို့ ခရီးသွားလာရောက်မှု ၁၁ သန်းကျော်ရှိပြီး ကိုဗစ်အလွန် ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့မှု ခိုင်မာလျက်ရှိသည်ဟု ဟောင်ကောင်ဒေသ ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလုပ်ငန်းဝန်ကြီး Kevin Yeung ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် “Tourist figures in Q1 top 11 million” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

‌HKTB အနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းစီမံချက် ရေးဆွဲပြီးဖြစ်ပြီး၊ စီမံချက်၏ အဓိကရည်မှန်းချက်များအနက် တစ်ခုမှာ ဟောင်ကောင်ဒေသ၏ နိုင်ငံတကာ မြို့တော်တစ်ခုအဖြစ် ရပ်တည်မှုခိုင်မာစေရေး ဆောင်ရွက်ရမည်ဖြစ်သောကြောင့် မေလမှစ၍ courtesy campaign သစ်တစ်ခု စတင်ခြင်းနှင့် volunteer programme တစ်ခု တိုးချဲ့ခြင်းများ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု Executive Director ဖြစ်သူ Dane Cheng က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်အတွင်း ဟောင်ကောင်ဒေသသို့ လာရောက်လည်ပတ်သူစုစုပေါင်း ၄၆ သန်း အထိ ရောက်ရှိလာပြီး ၂၀၂၃ ခုနှစ် အရေအတွက်ထက် ၃၅ ရာခိုင်နှုန်း၊ ကိုဗစ်-၁၉ မတိုင်မီကာလထက် ၇၅ ရာခိုင်နှုန်းခန့် မြင့်တက်လာဖွယ်ရှိသည်ဟု HKTB မှ ခန့်မှန်းထားကြောင်း ရေးသားဖော်ပြထားပါသည်။

ခရီးသွားလုပ်ငန်ကဏ္ဍ၏ အခင်းအကျင်း ပြောင်းလဲမှုလာမှုကြောင့် ဟောင်ကောင်ဒေသသို့ လာရောက်မည့် ခရီးသွားဦးရေကို အတိအကျသတ်မှတ်၍ ရည်မှန်းချက်ထား လုပ်ဆောင်ရန် မဖြစ်နိုင်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသော အခြေအနေကို မူတည်၍ မိမိတို့အနေဖြင့် ခန့်မှန်းချက်များ ချမှတ်ဖော်ဆောင်ခြင်းနှင့် မူဝါဒများ ရေးဆွဲဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်သည်ဟု ပြောကြားကြောင်း ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)