Thailand

ထိုင်းနိုင်ငံ ဆန်ပို့ကုန်လုပ်ငန်းရှင်များက ဒုတိယလပတ်တွင် ဆန်ဈေးပိုမိုမြင့်တက်လာနိုင်ကြောင်း ခန့်မှန်းထား

Last Updated:

အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နှင့် အိန္ဒိယ၏ ဆန်တင်ပို့မှုကန့်သတ်ချက်များကြောင့် ယခုနှစ်ဒုတိယလပတ်အတွင်း ကမ္ဘာ့ဆန်ဈေးနှုန်းမြင့်တက်လာနိုင်ကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များက ခန့်မှန်းထားကြပါသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်း အိန္ဒိယအစိုးရက ဘာစမာတီမဟုတ်သော ဆန်ဖြူတင်ပို့မှုကို ပိတ်ပင်ခဲ့မှု၏ အကျိုးဆက်ကြောင့် Parboiled ဆန်၏ ပြည်တွင်းဈေးမြင့်တက်လာခဲ့ပြီး ရာသီဥတု အခြေ အနေများကြောင့် ပြတ်လပ်မည်ကို စိုးရိမ်ခဲ့ကြပါကြောင်း၊ အိန္ဒိယက ဆန်တင်ပို့မှုပိတ်ပင်ခဲ့ချိန်မှစ၍ ကမ္ဘာ့ဆန် ဈေးနှုန်းသည် ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းထိ မြင့်တက်ခဲ့ပါကြောင်း၊ ပထမလပတ်အတွင်း ဆန်တင်ပို့ခဲ့မှုသည် တန်ချိန် ၂.၅ သန်းရှိကြောင်း၊ ဆန်ဖြူများကို အရှေ့တောင် အာရှရှိ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နှင့် မလေးရှားတို့အပြင် အာဖရိကနှင့် အရှေ့အလယ်ပိုင်းတို့သို့ တင်ပို့ခဲ့ပါကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophanswongse က ပြောကြားခဲ့ပါသည်။

ကမ္ဘာ့ဆန်ဈေးမြင့်တက်နေသော်လည်း ပြည်တွင်းဆန်ထောက်ပံ့မှုလျော့နည်းနေခြင်းကို ကာမိစေရန် အမေရိကန်နှင့်အာရှရှိ ဆန်ဖြူနှင့်ရနံ့ပါဆန်တင်သွင်းသူများ၏ ဝယ်လိုအား ခိုင်မာနေဆဲ ဖြစ် မည်ဟု မျှော်လင့်ထားပါကြောင်း၊ ထိုင်းနိုင်ငံ၏ ဆန်ထောက်ပံ့မှုသည်လုံလောက်ပြီး ဘတ်ငွေအား ပျော့နေသဖြင့် ဈေးနှုန်းမှာလည်း ယှဉ်ပြိုင်နိုင်ဆဲဖြစ်ကြောင်း၊ မတ်လ ၂၇ ရက်နေ့ပေါက်ဈေးအရ ထိုင်းဆန်ဖြူ ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၁၊ ဗီယက်နမ် ဆန်သည် အမေရိကန်ဒေါ်လာ ၅၈၂ မှ ၅၈၆ ကြားနှင့် ပါကစ္စတန် ဆန်သည် အမေရိကန်ဒေါ်လာ ၆၀၅ မှ ၆၀၉ ဖြစ်ပါကြောင်း၊ ထိုင်း Parboiled  ဆန်သည် ၁ တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၆၊ အိန္ဒိယဆန်သည် အမေရိကန်ဒေါ်လာ ၅၅၁ မှ ၅၅၅ နှင့် ပါကစ္စတန်ဆန်သည် အမေရိကန်ဒေါ်လာ ၆၁၈ မှ ၆၂၂ ကြားရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

ဒုတိယလပတ်တွင် ဆန်တင်ပို့မှုပမာဏသည် အနည်းငယ်ကျဆင်းနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် မတ်လသည် ဗီယက်နမ်၏ ရိတ်သိမ်းရာသီစတင်သောကြောင့် ဖြစ်ပါကြောင်း၊ အိန္ဒိယ၏ ဆန် ဖြူတင်ပို့မှုပိတ်ပင်ထားဆဲကြောင့် ထိုင်းဆန်ဈေးနှုန်းသည် ယခုနှစ် ပထပလပတ်အတွင်း အမြင့်တွင် ရှိနေဆဲဖြစ်ကြောင်း၊ ယခုနှစ်ဆန်တင်ပို့မှုသည် တန်ချိန် ၈ သန်းရောက်ရှိနိုင်ကြောင်း၊ ယခုနှစ်အတွင်း အင်ဒိုနီးရှားသည် ဆန်ဆက်လက်တင်သွင်းနေဆဲဖြစ်ပြီး တန်ချိန် ၃.၆ သန်းထိ ရောက် ရှိနိုင်ကြောင်း၊ မကြာသေးမီက ဆန် တန်ချိန် ၂၀၀,၀၀၀ ဝယ်ယူမည့် အင်ဒိုနီးရှား၏ တင်ဒါတွင် ထိုင်းနိုင်ငံက ဆန်တန်ချိန် ၁၀၀,၀၀၀ တင်ဒါအောင်မြင်ခဲ့ပြီး ပါကစ္စတန်နှင့်ဗီယက်နမ်တို့လည်း အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

အိန္ဒိယနိုင်ငံ၏ ဆန်ဖြူတင်ပို့မှုပိတ်ပင်ထားဆဲအခြေအနေကြောင့် ကမ္ဘာ့ဆန်ဈေးနှုန်းတွင် သက်ရောက်မှုရှိခဲ့ပြီး ထိုင်း၊ ဗီယက်နမ်နှင့် ပါကစ္စတန်တို့အတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၎င်းအပြင် ထိုင်းဆန်ဈေးနှုန်း အမြင့်တွင်ရှိနေပြီး တင်ပို့မှုပမာဏလည်း မြင့်တက်နေဆဲဖြစ်ကြောင်း  သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand