Phillippines

ကုန်သည်များအနေဖြင့် သကြားတန်ချိန် ၄၄၀,၀၀၀ တင်သွင်းရန် တောင်သူလယ်သမားများအသင်းမှ ထောက်ခံတင်ပြ

Last Updated:

၂၀၂၃ ခုနှစ်အစောပိုင်းကထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်စဉ်(၆) အရ သကြားတင်သွင်းသည့် ကုန်သည် (၃)ဦး အား သကြားတောင်သူများအသင်းကြီးနှစ်ခုဖြစ်သည့် The Luzon Federation of Sugarcane Growers Association ( LUZONFED)  and United Sugar Producers’ Federation of the Philippines, Inc. (UNIFED) တို့မှ အချက်အလက် ခိုင်ခိုင်မာမာဖြင့်ရွေးချယ်ခဲ့ကြောင်း Joint Board Resolution အား ၁-၈-၂၀၂၂ ရက်နေ့က ဆုံးဖြတ်ခဲ့ပါသည်။

ဆုံးဖြတ်ချက်တွင် အဆိုပါအသင်းများမှ သကြားကုမ္ပဏီ (၇) ခုအား ပြည်တွင်းသကြား‌ လိုအပ်ချက်ပေါ်အခြေခံပြီး တောင်သူများနှင့် ပြည်တွင်းသကြားစက်များမှဝယ်ယူခြင်းမှ လုံလောက်မှုမရှိပါက ပြည်ပမှတင်သွင်းရန် ထောက်ခံခဲ့ပြီး အဆိုပါကုမ္ပဏီ (၇)ခုမှာ All Asian Countertrade Inc;၊ Amerop Philippines Inc; ၊ Sucden Philippines Inc; ၊ Edison Lee Marketing Corporation ၊ Oro Allado Commondities Inc; ၊ San Fernando Eric Commercial Inc; နှင့် Skylark Company Inc; တို့ ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

Department of Agricultureမှလိုအပ်သည့်သကြားပမာဏအား တတ်နိုင်သမျှအမြန်ဆုံးတင်သွင်းရန် သကြားကုမ္ပဏီ(၃)ခုအား ရွေးချယ်ခဲ့ပါကြောင်း၊ Office of the Secretaryမှ အဆိုပါကုန်သည်များအား အမှာစာများထုတ်ပေးခဲ့ပြီး သကြားတင်သွင်းခြင်းလုပ်ငန်းစဉ် ဆက်လက်ဆောင်ရွက်စေခဲ့ပါသည်။

Office of the Secretary မှ အမှာစာထုတ်ပြန်ပေးမှုနှင့်စပ်လျဉ်း၍ သကြားတင်သွင်းခြင်းသည် အရန်သကြားရိက္ခာအားဖြည့်ဆည်းပေးနိုင်ပြီး ငွေကြေးဖောင်းပွမှုနှုန်းအများဆုံးဖြစ်ပေါ်စေနိုင်သည့် ကုန်စည်များထဲမှတစ်ခုဖြစ်ကြောင်း စိုက်ပျိုးရေးဌာနမှ အကြီးတန်းအတွင်းရေးမှူး Domingo Panganiban မှ ပြောကြားခဲ့ပါသည်။

၂၀၂၂-၂၀၂၃သီးနှံရာသီအတွက် ဒုတိယအကြိမ်မြောက် သကြားတင်သွင်းခြင်း အစီအစဉ်နှင့် စပ်လျဉ်း၍ Department of Agriculture မှ အကောင်အထည်ဖော်ဆောင်ရွက်မည့်အခြေအနေအား စိုက်ပျိုးရေးဌာန အတွင်းရေးမှူးဖြစ်သူ သမ္မတ Ferdinand Marcos Jr ထံသို့ တင်ပြနိုင်ရေး Executive Secretary Lucas Bersamin မှ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့က အမိန့်ထုတ်ပြန် ခဲ့ပါသည်။

စိုက်ပျိုးရေးဌာနမှ အကြီးတန်းအတွင်းရေးမှူး Domingo Panganiban က ဈေးကွက်မှ လက်ခံနိုင်သည့် ဈေးနှုန်းဖြစ်စေရန် သကြားအတွက်ကုန်ကျစရိတ်အား လျှော့ချနိုင်သည့် သကြားတင်သွင်းခြင်း ဆိုင်ရာလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်နိုင်ရေး စာမျက်နှာ (၃) မျက်နှာခန့်ရှိသည့် ကုမ္ပဏီစာရင်းထဲမှ လုပ်ကိုင်နိုင်စွမ်းရှိသည့် အသိအမှတ်ပြု ကုမ္ပဏီ (၃) ခုအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ ကုမ္ပဏီများမှာ All Asiantrade Inc; ၊ Sucden Philippines Inc; နှင့် Edison Lee Marketing Corporation တို့ဖြစ်ပြီး ဆက်လက်၍ Panganiban မှ ကုမ္ပဏီပိုင်ရှင် (၃) ဦးဖြစ်သည့် Mr.Escaler ၊ Mr. Alvarado နှင့် Mr.Lee တို့အား သကြားကုမ္ပဏီများထဲမှ မိမိတို့အနေဖြင့် အကောင်းဆုံးလုပ်နိုင်မည်ဟု ယုံကြည်သည့်ကုမ္ပဏီ (၃)ခုအား ရွေးချယ်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

 

 

 

Source:https://business.inquirer.net/399936/farmers-groups-recommended-traders-in-440000-sugar-import

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

         

Category: Phillippines