Vietnam

၂၀၂၄ ခုနှစ် ပထမနှစ်ဝက်အတွင်း ဗီယက်နမ်ဆန်တင်ပို့မှု ဈေးနှုန်းများဆက်လက်မြင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန၏ စာရင်းဇယားများအရ ယခုနှစ် ပထမနှစ်ဝက်တွင် နိုင်ငံခြားဈေးကွက် အများအပြား၌ ဗီယက်နမ်ဆန်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

ပျမ်းမျှဆန်တင်ပို့မှု ဈေးနှုန်းသည် ယခင်နှစ် အလားတူကာလထက် ၁၈ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဘရူနိုင်းတွင် စပါးတစ်တန်လျှင် ၉၅၉ ဒေါ်လာ၊ အမေရိကန်တွင် ၈၆၈ ဒေါ်လာ၊ နယ်သာလန်တွင် ၈၅၇ ဒေါ်လာ၊ ယူကရိန်းတွင် ၈၄၇ ဒေါ်လာ၊ အီရတ်တွင် ၈၃၆ ဒေါ်လာနှင့် တူရကီတွင် ၈၃၁ ဒေါ်လာရှိကြောင်း ဖော်ပြထားပါသည်။

အထူးသဖြင့် ပထမသုံးလပတ်တွင် ဗီယက်နမ်နိုင်ငံမှ ပြင်သစ်သို့ ဆန်တင်ပို့မှုသည် တန်ချိန် ၁၈,၂၀၀ အထိ သိသိသာသာ တိုးလာခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉.၁ သန်းရှိကြောင်း သိရှိရပါသည်။ အဆိုပါကာလအတွင်း ဗီယက်နမ်နိုင်ငံသည် ဥရောပသမဂ္ဂ (EU) သို့ တန်ချိန် ၄၆,၀၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၁.၄ သန်းရရှိခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလထက် ၁၁၈ ရာခိုင်နှုန်းနီးပါး တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

EU ရှိ ဗီယက်နမ်ကုန်သွယ်မှရေးရုံးမှ ဗီယက်နမ်၏ အထူးဆန်မွှေးမျိုးကွဲများဖြစ်သည့် ST25၊ ST24၊ Nang Hoa နှင့် OM တို့သည် ၎င်းတို့၏ ထူးခြားသောအရည်အသွေးကြောင့် ဈေးကွက်တွင် လူကြိုက်များပြီး ဈေးနှုန်းမြင့်မားလာကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမသုံးလအတွင်း အမေရိကန်ဈေးကွက်သို့ ဆန်တန်ချိန် ၁၃၅,၃၀၀ တန် အထိ တင်ပို့ခဲ့ကြောင်း၊ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၉၄.၅ သန်းရှိပြီး တစ်နှစ်ထက် တစ်နှစ် ၂၉၉ ရာခိုင်နှုန်း တိုးတက်လာခဲ့ကြောင်း ဖော်ပြထားပါသည်။ ပထမနှစ်ဝက်တွင် ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် တန်ချိန် ၄.၇ သန်းရှိခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၁၀.၄ ရာခိုင်နှုန်း မြင့်တက်လာကာ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ နီးပါး ရှိကြောင်းနှင့် ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း မြင့်တက်လာကြောင်း ဖော်ပြထားပါသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam