USA

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် Rogue Valley Microdevices ကုမ္ပဏီတို့ စက်ရုံသစ် တည်ထောင်ရန် ကနဦးသဘောတူညီချက် လက်မှတ်ရေးထိုး

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် Rogue Valley Microdevices (RVM) ကုမ္ပဏီအား CHIP and Science Act အရ အမေရိကန်ဒေါ်လာ ၆.၇ သန်း ထောက်ပံ့သွားရန် ကနဦး သဘောတူညီချက်ကို ၁-၇-၂၀၂၄ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ Rogue Valley Microdevices (RVM) ၏ အဆိုပြုရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများဖြစ်သည့် ဖလော်ရီဒါပြည်နယ်ရှိ Pure Play Microlectromechanical system (MEMS) နှင့် Sensor ထုတ်စက်ရုံများ တည်ဆောက်ရာတွင် ရန်ပုံငွေ ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ယင်းရင်းနှီးမြှုပ်နှံမှုကြောင့် RVM ၏ ကုန်ထုတ်လုပ်မှုကို ၃ ဆတိုးလာရန် ရည်မှန်းထားပါကြောင်း၊ MEMS များသည် လျှပ်စစ်နှင့်စက်ပိုင်းဆိုင်ရာများတွင် ပေါင်းစပ်အသုံးပြုရသည့် Microscalable devices ဖြစ်ကာ ယင်းကို Semiconductor များတွင် ပေါင်းစပ်အသုံးပြုခြင်းဖြင့် နည်းပညာနှင့် စွမ်းဆောင်ရည်မြင့်မားလာရန် ရည်ရွယ်ပါသည်။

RVM ကုမ္ပဏီသည် အမေရိကန်နိုင်ငံအခြေစိုက် Pure play MEMS စက်ရုံတစ်ခုဖြစ်ပြီး ကာကွယ်ရေး ကဏ္ဍစက်မှုလုပ်ငန်းများနှင့် ဇီဝဆေးပညာစက်ရုံများအတွက် အလွန်အရေးပါသည့် High-mix, Low-volume wafer and MEMS foundry services ကို ထုတ်ပေးလျက်ရှိသည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း၊ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နှံမှုအသစ်ကြောင့် ဖလော်ရီဒါပြည်နယ်တွင် အလုပ်အကိုင် ၇၅ နေရာ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

RVM ကုမ္ပဏီ၏ အဆိုပြုရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်နိုင်ငံအနေဖြင့် Semiconductor ထုတ်လုပ်မှုကဏ္ဍ၌ ဦးဆောင်နိုင်ရေးအတွက် ကုန်ထုတ်လုပ်မှုကွင်းဆက် တစ်လျှောက်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လျက်ရှိသည့် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ ဆောင်ရွက်ချက်ကောင်းတစ်ခုဖြစ်သည်ဟု ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Ms. Gina Raimondo က ပြောကြားခဲ့ကြောင်းနှင့် အဆိုပြုစီမံကိန်းသည် လူနည်းစုအသိုင်းအဝိုင်းမှ အမျိုးသမီးများပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ကာ Semiconductor ထုတ်လုပ်မှုကဏ္ဍ၌ အသေးစားလုပ်ငန်းများ၏ အရေးပါမှုကို မီးမောင်းထိုးပြလျက်ရှိကြောင်း သိရှိရပါသည်။

 

 

Source; https://www.commerce.gov/news/press-releases/2024/07/us-department-commerce-announces-preliminary-terms-rogue-valley

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA