USA

အမေရိကန်-ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင်သဘောတူစာချုပ် (TIFA) အစည်းအဝေး ကျင်းပခဲ့

Last Updated:

အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အကြား အမေရိကန်-ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမူဘောင် သဘောတူစာချုပ် (U.S.–Philippines Trade and Investment Agreement – TIFA) ဆိုင်ရာ အစည်းအဝေးကို အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၌ ၁-၇-၂၀၂၄ ရက်နှင့် ၂-၇-၂၀၂၄ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစည်းအဝေးတွင် အမေရိကန်နှင့် ဖိလစ်ပိုင်နိုင်ငံတို့အနေဖြင့် စိုက်ပျိုးရေး၊ အလုပ်သမား၊ အစိုးရ၏ ဝယ်ယူရေးအစီအစဉ်များ၊ မူပိုင်ခွင့်၊ သဘာဝပတ်ဝန်းကျင်၊ မော်တော်ယာဉ် ဘေးကင်းလုံခြုံရေးဆိုင်ရာစံနှုန်းများနှင့် ကုန်ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်များ အပါ အဝင် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာ အသိအမှတ်ပြုအလုပ်သမားအခွင့်အရေးဖြစ်သည့် အလုပ်သမားများအနေဖြင့် လွတ်လပ်စွာ အသင်းအဖွဲ့များဖွဲ့စည်းခွင့်ကို မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန် ဆွေးနွေးခဲ့ကြပြီး စိုက်ပျိုးရေးကဏ္ဍတွင် ဇီဝနည်းပညာသုံး တီထွင်ဆန်းသစ်သော စိုက်ပျိုးရေး နည်းလမ်းများ၏ အရေးပါမှုနှင့် အစားအစာဖူလုံမှုနှင့် ရေရှည်တည်တံ့သောပန်းတိုင်သို့ ရောက်ရှိရေး ဆောင်ရွက်ရန် နှစ်နိုင်ငံဆွေးနွေးခဲ့ကြကြောင်းနှင့် နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ရန် ဆောင်ရွက်သွားမည်ကို ထပ်လောင်းကတိပြုခဲ့ကြကြောင်း သိရှိရပါသည်။

အမေရိကန်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် TIFA ကို ၁၉၈၉ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြ ပြီး ၂၀၂၂ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံနှင့်ကုန်သွယ်မှုပြုလုပ်ခဲ့သည့် အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှုတန်ဖိုးမှာ (၃၆.၁) ဘီလီယံရှိပြီး ဖိလစ်ပိုင်နိုင်ငံသည် အမေရိကန်နိုင်ငံ၏ (၃၄) နိုင်ငံမြောက်ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပါကြောင်းနှင့် ၂၀၂၂ ခုနှစ်စာရင်းအရ ဖိလစ်ပိုင်နိုင်ငံ၌ အမေရိကန်နိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ (၆.၂) ဘီလီယံ ရှိကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။

 

Source; https://ustr.gov/about-us/policy-offices/press-office/press-releases/2024/ july/readout-us-philippines-trade-and-investment-framework-agreement-tifa-meeting

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA