China (Kunming)

တရုတ်နိုင်ငံ၏ ဇူလိုင်လ PMI များသည် ကုန်ထုတ်လုပ်မှုနှင့် ခိုင်မာသော ဝန်ဆောင်မှုများ တိုးတက်လာသည်ကို ပြသနေ

Last Updated:

တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ဝန်ဆောင်မှုများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးအခြေအနေတစ်ရပ်သည် ဒုတိယနှစ်ဝက်အတွက် မြှင့်တက်လာသော အခြေအနေတစ်ခုအဖြစ် ဇူလိုင်လတွင် တိုးတက်လာသော စီးပွားရေးပြောင်းလဲမှုကို တွေ့ရှိရသည်။

အမျိုးသားစာရင်းအင်ဗျူးရို (National Bureau of Statistics – NBS) ၏ အဆိုအရ အဆိုပါ ကဏ္ဍအတွက် ဝယ်လိုအားစီမံခန့်ခွဲမှုဆိုင်ရာညွှန်းကိန် (Purchasing Managers’ Index – PMI) သည် ဇူလိုင်လတွင် ၄၉ ဒသမ ၃ သို့ ရောက်ရှိခဲ့ပြီး ဇွန်လတွင် ၄၉ နှင့် မေလတွင် ၄၈ ဒသမ ၈ အသီးသီး မြှင့်တက်လာခဲ့သည်။ စစ်တမ်းကောက်ယူခဲ့သည့် လုပ်ငန်း ၂၁ ခု အနက် ၁၀ ခုသည် ယခုနှစ် အစောပိုင်းလများထက် ဇူလိုင်လတွင် မြှင့်တက်မှုကို တွေ့ရှိရကြောင်း ကုန်ထုတ်လုပ်မှု အခြေအနေတွင် အလုံးစုံတိုးတက်မှုများရှိခဲ့ကြောင်း NBS စာရင်းအင်းပညာရှင် Zhao Qinghe က ပြောကြားခဲ့သည်။

အချက်အလက်များအရ ဇူလိုင်လတွင် ထုတ်လုပ်မှုမဟုတ်သော PMI ၅၁ ဒသမ ၅ ဖြင့် ဝန်ဆောင်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် ခိုင်မာသော လုပ်ဆောင်မှုများကြောင့် boom-or-bust မျဉ်းအထက်၌ (၇) လ ဆက်တိုက် ကောင်းမွန်စွာတည်ရှိနေခဲ့သည်။

ဈေးကွက်မျှော်မှန်းချက်တိုင်းတာသည့် အညွှန်ကိန်းများသည် ပြောင်းလဲမြင့်မားသည့်ဇုန် တွင် ဆောင်ရွက်ခဲ့ခြင်းကြောင့် ကုန်လုပ်ငန်းများနှင့် ကုန်ထုတ်လုပ်မှုမဟုတ်သော စီးပွားရေး လုပ်ငန်းနှစ်ခုစလုံးတွင် တည်ငြိမ်သော အလားအလာကို ဆက်လက်ထိန်းသိမ်းထားနိုင်သည်။ PMI များသည် ဆက်လက်မြှင့်တက်လာသော်လည်း ရှုပ်ထွေးသော ပြင်ပပတ်ဝန်းကျင်းအခြေအနေသည် တရုတ်ကုမ္ပဏီများအတွက် စိန်ခေါ်မှုများရှိနေသေးသည်။

အမေရိကန်နှင့် ဥရောပနိုင်ငံများအပါအဝင် အဓိက စီးပွားရေးထုတ်လုပ်မှုကဏ္ဍများတွင် ဆက်တိုက်ခက်ခဲလာခြင်းကြောင့် တရုတ်နိုင်ငံ၏ စက်ရုံများအနေဖြင့် ပြည်ပအမှာစာနှင့်ဝယ်လိုအားကျဆင်းသွား၍ ကြီးမားသောအခက်အခဲများနှင့် ရင်ဆိုင်နေရသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် အဆင့်မြှင့်အရာရှိကြီးများအစည်းအဝေးတွင် တရုတ်နိုင်ငံ ၏မူဝါဒချမှတ်သူများအနေဖြင့် အချို့သောလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုအခက်အခဲများနှင့် ပြည်တွင်းဝယ်လိုအား မလုံလောက်မှု ကဲ့သို့သော စီးပွားရေးအရရင်ဆိုင်နေရသည့် အခက်အခဲများနှင့် စိန်ခေါ်မှုများကို ဖော်ထုတ်ခဲ့ပြီး အဆိုပါအချက်များအပေါ် တန်ပြန်ဆောင်ရွက်နိုင်မည့် အစီအမံများစွာ ချမှတ်ခဲ့ကြသည်။

အကောက်ခွန်နှင့် အခကြေးငွေများ လျော့ချခြင်း၊ ဆန်းသစ်တီထွင်မှု၊ စစ်မှန်သောစီးပွားရေးနှင့် အသေးစားလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း၊ ပြည်တွင်းစားသုံးမှုကို ဖူလုံစေခြင်း၊ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများမြှင့်တင်ခြင်းနှင့် အိမ်ခြံမြေမူဝါဒများကို အကောင်းဆုံးနှင့် လိုက်လျောညီထွေမှုဖြစ်အောင် ဖော်ဆောင်ခြင်းတို့ကို ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ယခင်အပတ် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးဗျူရို၏ အစည်းအဝေးအရ သိရသည်။

တရုတ်နိုင်ငံသည် နှစ်စဉ် စီးပွားရေးနှင့်လူမှုရေးဖွံဖြိုးတိုးတက်မှု ရည်မှန်းချက်များကို အောင်မြင်အောင် စွမ်းဆောင်နိုင်မည်ဖြစ်ကြောင်းနှင့် ယုံကြည်မှုအပြည့်အဝရှိကြောင်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ယခုနှစ်ဒုတိယနှစ်ဝက်အထိ တည်ငြိမ်၍ကောင်းမွန်သောလမ်းကြောင်းတွင် ထိန်းသိမ်းထားနိုင်ကြောင်း ထုတ်ဖော်ခဲ့သည်။

တရုတ်နိုင်ငံသည် ယခုနှစ် ဒုတိယသုံးလပတ်တွင် GDP ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး ပထမနှစ်ဝက်တွင် တိုးတက်မှုနှုန်း ၅ ဒသမ ၅ ရာခိုင်နှုန်းအထိရှိလာခဲ့သည်။ တစ်နှစ်ပြည့် တိုးတက်မှုမျှော်မှန်းချက်ကို ၅ ရာခိုင်နှုန်းဝန်းကျင်ရရှိရန် ချမှတ်ခဲ့သည်။

အရင်းအမြစ်။ http://english.www.gov.cn/archive/statistics//content_WS64c77397c6 d0868f4e8de40e.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)