China (Kunming)

တရုတ်ကုမ္ပဏီများသည် ယခုနှစ် Fortune Global 500 တွင် ဆက်လက်လွှမ်းမိုးထားဆဲ

Last Updated:

ဗုဒ္ဓဟူးနေတွင် ထုတ်ပြန်ခဲ့သော Fortune Global 500 စာရင်းတွင် တရုတ်ကုမ္ပဏီများက ဆက်လက်လွှမ်းမိုးထားဆဲဖြစ်သည်။ Fortune Golbal 500 စာရင်းကို Global 500 ဟု လူသိများပြီး အကျိုးအမြတ်ဝင်ငွေဖြင့် တိုင်းတာသည့် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းကော်ပိုရေးရှင်း ၅၀၀ ၏ နှစ်စဉ်အဆင့်သတ်မှတ်ချက် တစ်ခုဖြစ်သည်။ အဆိုပါစာရင်းကို Fortune မဂ္ဂဇင်းက နှစ်စဉ် ပြုစုထုတ်ဝေးလျက်ရှိသည်။

ယခုနှစ် အဆိုပါစာရင်းတွင် တရုတ်ကုမ္ပဏီ စုစုပေါင်း ၁၄၂ ခုပါဝင်နိုင်ခဲ့ပြီး၊ တရုတ်ကုမ္ပဏီ အရေအတွက်သည် အမေရိကန်မှ ကုမ္ပဏီအရေအတွက်ထက် ပိုမိုခဲ့သည်မှာ ငါးနှစ်ဆက်တိုက် ရှိပြီးဖြစ်သည်။

အမေရိကန်ပြည်ထောင်စု လက်လီရောင်းချသူ Walmart သည် ယခုနှစ်စာရင်းတွင် ၎င်း၏ပထမနေရာကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့သည်။ စွမ်းအင်ဈေးနှုန်းများ မြှင့်တက်မှုကြောင့် အကျိုးအမြတ်ရရှိခဲ့သည့် Saudi Aramco သည် ဒုတိယနေရာ ရရှိခဲ့သည်။ ထိပ်တန်းဆယ်ခုတွင် တရုတ်ကုမ္ပဏီများဖြစ်သည့် China’s State Grid၊ China National Petroleum နှင့် Sinopec တို့ သည် တတိယ၊ ပဥ္စမနှင့် ဆဋ္ဌမ နေရာတို့ အသီးသီးရရှိခဲ့သည်။

သိသာထင်ရှားမှုတစ်ခုမှာ တရုတ်ကားထုတ်လုပ်သည့် ကုမ္ပဏီ ၉ ခုသည့် အဆိုပါစာရင်းတွင် ပါဝင်လာခြင်းဖြစ်သည်။ BYD နှင့် Contemporary Amperex Technology သည် ၎င်းတို့၏ နည်းပညာဆန်းသစ်တီထွင်မှုနှင့် စွမ်းအင်သစ်အသုံးပြုသည့် ကားများဖြင့် အောင်မြင်မှုများကြောင့် ထိပ်တန်းအဆင့် ၃၀၀ အတွင်းသို့ မြှင့်တက်လာခဲ့သည်။

အားလုံးသောစွမ်းဆောင်နိုင်မှုအနေဖြင့် ကုမ္ပဏီပေါင်း ၅၀၀ ၏ စုပေါင်းထုတ်လုပ်နိုင်မှုဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၄၁ ထရီလီယံရှိခဲ့ပြီး ကမ္ဘာ့ GDP ၏ သုံးပုံတစ်ပုံကျော်ရှိသဖြင့် ယခင်နှစ်ကထက် ၈ ဒသမ ၄ ရာခိုင်နှုန်း မြှင့်တက်လာခဲ့သည်။ သို့သော် စုစုပေါင်းအမြတ်အစွန်းများသည် ကမ္ဘာ့စီးပွားရေးအရှိန်အဟုန်ကြောင့် ထိခိုက်မှုရှိခဲ့သဖြင့် ၆ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

အရင်းအမြစ်။ https://news.cgtn.com/news/2023-08-02/Chinese-firms-continue-to-dominate-this-year-s-Fortune-Global-500-1lWvhTnPv3i/index.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)