Thailand

ထိုင်းဆိုလာဆဲလ်များနှင့်စပ်လျဉ်း၍ ပဏာမစုံစမ်းစစ်ဆေးချက်ကို အမေရိကန်က ထုတ်ပြန်ကြေညာခဲ့

Last Updated:

ထိုင်းနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများမှ တင်သွင်းလာသော ဆိုလာဆဲလ်များနှင့် စပ်လျဉ်း၍ အမေရိကန် စီးပွားကူးသန်းဦးစီးဌာနက anti-dumping (AD) နှင့် countervailing duty (CVD) ဆိုင်ရာ စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ဧပြီလအတွင်း၌ အမေရိကန်ပြည်တွင်း crystalline silicon photovoltaic (CSPV) ဆဲလ်များနှင့် modules  ထုတ်လုပ်သူများက ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ယင်းကုန်စည်များ စုပြုံတင်သွင်းလာခြင်းကို တိုက်ဖျက်ပေးရန် အမေရိကန် စီးပွားကူးသန်းဦးစီးဌာနနှင့် အမေရိကန် နိုင်ငံတကာ ကုန်သွယ်ရေးကော်မရှင်တို့ထံ အသနားခံစာ ပေးပို့ခဲ့ပါကြောင်း၊ အဆိုပါနိုင်ငံများမှ CSPV များစုပုံတင်သွင်းလာခြင်းသည် အမေရိကန် ဆိုလာထုတ်လုပ်သည့် စက်မှုကို ထိခိုက်စေသည်ဟု စွပ်စွဲခဲ့ပါကြောင်း၊ စွပ်စွဲချက်ကို တုံ့ပြန်သည့် အနေဖြင့် အမေရိကန်စီးပွားကူးသန်းဦးစီးဌာနက နိုင်ငံ ၄ နိုင်ငံမှ CSPV ဆိုလာဆဲလ်များကို စစ်ဆေးမှုဆောင်ရွက်သွားမည်ဟု ကြေညာခဲ့ကြောင်း နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Noppadon Kuntamas က မေလ ၁၅ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အောက်တိုဘာလ ၁ ရက်နေ့တွင် အမေရိကန်က ပဏာမစုံစမ်းစစ်ဆေးမှု ဆုံးဖြတ်ချက်များ ဖြစ်သော ကမ္ဘောဒီးယား၊ မလေးရှား၊ ထိုင်းနှင့် ဗီယက်နမ်တို့မှ ဆိုလာဆဲလ်များနှင့် modules များကို အမေရိကန်တွင်းရှိ တန်ဖိုးသင့်ဈေးနှုန်းအောက်နည်း၍ ရောင်းချထားခြင်း သို့မဟုတ် ရောင်းချဖွယ်ရှိသည်ဟု ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ထို့ပြင် အဆိုပါ ဆိုလာဆဲလ်များနှင့် modules များအပေါ် countervail ထောက်ပံ့မှုရှိ-မရှိကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ ထိုင်းဆိုလာဆဲလ်များအပေါ် ထောက်ပံ့မှုအတွက် နှုန်းထားကို အလွန်နိမ့်သောအဆင့် ၀.၁၄ မှ ၃၄.၅ ရာခိုင်နှုန်းကြား သတ်မှတ်ထားပြီး ယင်းသတ်မှတ်ချက်မှာ ထောက်ပံ့မှုမရှိသည့်အချိန်၌ ပင် CVD အခွန်ကျခံရမည်မဟုတ်ကြောင်း သိရှိရပါသည်။

အခြားနိုင်ငံများအတွက် dumping နှုန်းထားများဖြစ်သော ကမ္ဘောဒီးယား ၈.၂၅ ရာခိုင်နှုန်းမှ ၆၈.၅ ရာခိုင်နှုန်း၊ မလေးရှား ၃.၄၇ ရာခိုင်နှုန်းမှ ၁၂၄ ရာခိုင်နှုန်းနှင့် ဗီယက်နမ် ၀.၈၁ ရာခိုင်နှုန်းမှ ၂၉၃ ရာခိုင်နှုန်းတို့ကို ရက်ပေါင်း ၉၀ အထိ နောက်ကြောင်းပြန် အကောက်ခွန်များ စည်းကြပ်ရန် အမေရိကန်က စီစဉ်လျက်ရှိကြောင်း၊ အမေရိကန်သည် ထိုင်းနိုင်ငံ ဆိုလာဆဲလ်ထုတ်ကုန်များ အတွက် အကြီးဆုံး ပို့ကုန်ဈေးကွက်ဖြစ်ပြီး သင်္ဘောတင်ပို့မှု၏ ၇၅.၃ ရာခိုင်နှုန်းရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်သည် ဆိုလာဆဲလ်ထုတ်ကုန်များအတွက် အမေရိကန် ၏ အကြီးဆုံး တင်သွင်းသည့် ဈေးကွက်ဖြစ်ခဲ့ပါ ကြောင်း၊ အပြီးသတ်ဆုံးဖြတ်ချက်ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ထုတ်ပြန်ရန် စီစဉ်ထားပါကြောင်း၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနအနေဖြင့် ထိုင်းပို့ကုန်လုပ်ငန်းရှင်များ၏ အကျိုးစီးပွားကို ကာကွယ်ပေးရန် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Mr. Noppadon Kuntamas က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

Source: www.bangkokpost.com

 သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand