USA

အစုရှယ်ယာဈေးကွက်ရင်းနှီးမြှုပ်နှံသူများအတွက် ဒေါ်လာငွေကြေးခိုင်မာခြင်း၏ အရေးပါမှု

Last Updated:

အစုရှယ်ယာဈေးကွက်ရင်းနှီးမြှုပ်နှံသူများ (Stock Investors) အတွက် ဒေါ်လာငွေကြေး ခိုင်မာခြင်း၏ အရေးပါမှုနှင့်ပတ်သက်၍ Wall Street Journal အွန်လိုင်းသတင်းတွင် ၅-၁-၂၀၂၃ ရက်နေ့၌ “Why the Strength of the Dollar Matters So Much for Stock Investors” ခေါင်းစဉ်ဖြင့် ဖော်ပြချက်အရ သိရှိရပါသည်။

အစုရှယ်ယာဈေးကွက်၌ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင် စောင့်ကြည့်လေ့လာရမည့် သတင်းအချက်အလက်များရှိသလို ဒေါ်လာငွေကြေးနှင့်ပတ်သက်၍ စောင့်ကြည့်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံခြားတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်သည့် ကုမ္ပဏီများသည် ဒေါ်လာမဟုတ်သည့် နိုင်ငံခြားငွေကြေးများကို ဒေါ်လာသို့ ပြောင်းလဲရသဖြင့် ဒေါ်လာကို စောင့်ကြည့်ရန်လိုအပ်သည်ဟု ယူဆကြခြင်းများရှိပါကြောင်း၊ ငွေဖြစ်လွယ်မှုအပေါ်မူတည်၍ နိုင်ငံခြားရှိရင်းနှီးမြှုပ်နှံမှုများ၏ အစုရှယ်ယာ ကြီးထွားလာနိုင်သလို လျော့ကျနိုင်သည့်အခြေအနေလည်းရှိပါကြောင်း၊ ဒေါ်လာတန်ဖိုးတက်လာခြင်းဖြင့် နိုင်ငံခြားရှိ ရောင်းရငွေများကို ဒေါ်လာအဖြစ် လဲလှယ်ရာတွင် ဒေါ်လာအနည်းငယ်သာ ရရှိနိုင်သဖြင့် အမြတ်နည်းနိုင်ပြီး အစုရှယ်ယာ ဈေးနှုန်းလျော့ကျနိုင်ကြောင်း၊ အလားတူပင် ဒေါ်လာ ဈေးနှုန်းကျပါက ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီများ၏ နိုင်ငံခြားဝင်ငွေပမာဏများလာသဖြင့် ဝင်ငွေတိုးကာ အမြတ်များနိုင်ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့မှ ဒီဇင်ဘာလ (၁၉) ရက်နေ့အထိ အမေရိကန်ဒေါ်လာအညွှန်းကိန်းမှာ (၅) ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပြီး ငွေကြေးဖောင်းပွမှုမှာလည်း ဗဟိုဘဏ်မျှော်မှန်းထားသည့် ရည်မှန်းချက်သို့ ရောက်ရှိခဲ့ကာ ဗဟိုဘဏ်အနေဖြင့် လာမည့်လများတွင် အတိုးနှုန်းလျော့ချနိုင်သည့် အလားအလာရှိကြောင်း၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၂၀) ရက်နေ့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဈေးကွက်နှင့် စီးပွားရေးအခြေအနေများ ကမောက်ကမအခြေအနေသို့ ရောက်ရှိခဲ့ကာ ယင်းနေ့နောက်တစ်ရက်တွင် ဗဟိုဘဏ်က စီးပွားရေးအခြေအနေ တိုးတက်လာစေရန် အထူးအစီအမံများချမှတ်ကြောင်းကြေညာခဲ့ပြီးနောက် ဒေါ်လာ တန်ဖိုးကျဆင်းခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁၂) ရက်နေ့ မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၇) ရက်အတွင်း ဒေါ်လာ အညွှန်းကိန်းသည် (၀.၅) ရာခိုင်နှုန်းသို့ မြင့်တက်ခဲ့သော်လည်း S&P 500 Index မှာ တည်ငြိမ်ခဲ့ကြောင်း၊ ထို့ကြောင့် လေ့လာဆန်းစစ်သူများက ယင်းသို့ဖြစ်ပေါ်သည့် အခြေအနေ အစပိုင်း (သို့မဟုတ်) ပြီးဆုံးချိန်တွင် ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်များကို ချမှတ်ကြပါကြောင်း၊ အချို့လေ့လာဆန်းစစ်သူများက Dollar-Stock ပြောင်းပြန်သက်ရောက်မှုအချိုး အယူအဆသည် လက်ရှိအခြေအနေနှင့် ကိုက်ညီမှုအပေါ် သံသယရှိကြပါကြောင်း၊ စီးပွားရေးပညာရှင်အများစု ကလည်း လက်ရှိဖြစ်ပေါ် နေသည့် စီးပွားရေးအခြေအနေအရ ငွေကြေးဖောင်းပွမှုကြောင့် ဒေါ်လာ တန်ဖိုးကျဆင်းပြီး အတိုးနှုန်း များပြားခြင်းသည် စီးပွားရေးကို နှေးကွေးစေကြောင်း၊ ဆန်ဖရန်စစ္စကို အခြေစိုက်ဘဏ္ဍာရေး ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်သည့် SoFi ၏ အကြီးအကဲဖြစ်သူ Ms. Liz Young က ထိုသို့ Dollar-Stock ပြောင်းပြန်သက်ရောက်မှုအချိုး အယူအဆသည် အပြည့်အဝမှန်ကန်မှု မရှိနိုင်ဘဲ ကာလတိုအတွက်သာ အထောက်အကူဖြစ်နိုင်သည်ဟု ပြောကြားခဲ့ကြောင်း  ဖော်ပြထားပါ သည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA