Thailand

င်းနိုင်ငံ၌ နွေရာသီတွင် လျှပ်စစ်ဓာတ်အား ထုတ်လွှတ်ပေးနိုင်ရန် Liquefied Natural Gas (LNG) လုံလုံလောက်လောက်ရှိကြောင်း National Oil and Gas Conglomerate PTT က ပြောကြား

Last Updated:

ထိုင်းနိုင်ငံ၌ လျှပ်စစ်စွမ်းအားလိုလားချက် အမြင့်ဆုံးဖြစ်လာမည့် နွေရာသီတွင် လုံလောက် သော ဓာတ်အားထုတ်လွှတ်ပေးနိုင်ရေးအတွက် LNG လုံလုံလောက်လောက်ကို အရန်အဖြစ် ထားထား ကြောင်း PTT က ပြောကြားခဲ့ပါသည်။

LNG ၏ ၆၀ ရာခိုင်နှုန်းကို လျှပ်စစ်ဓာတ်အားထုတ်လွှတ်ရာတွင် လောင်စာအဖြစ် အသုံးပြုပါကြောင်း၊ PTT သည် ပုံမှန်အားဖြင့် နိုင်ငံအတွင်း ၁ ရက်လျှင် ဓာတ်အားလိုလားချက်သည် ၁,၄၀၀ မီဂါဝဒ်နှင့် ၁,၅၀၀ မီဂါဝဒ်သို့ မြင့်တက်လာပါက လုံလောက်သောဓာတ်အား ထုတ်လွှတ်ပေးရန်  ၁ လအတွက် ဓာတ်ငွေ့ ၆ ဘီလီယံ ကုဗပေကို အရန်ထားလေ့ရှိပါကြောင်း၊ ယင်းသည် ၁ ရက်လျှင် LNG ၂၀၀ သန်း ကုဗပေ အသုံးပြုသည်နှင့်ညီမျှပါကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ အမည်မဖော်လိုသူတစ်ဦးက သုံးသပ်ပြောကြားပါသည်။

ဓာတ်ငွေ့အသုံးပြုမှုသည် အရန်ပမာဏထက်မြင့်တက်လာမည် ဆိုပါက PTT အနေဖြင့် အရှေ့ အလယ်ပိုင်းမှ LNG ကို သင်္ဘောအမြန်ဝန်ဆောင်မှုဖြင့် ဝယ်ယူနိုင်ပါကြောင်း၊ နွေရာသီတွင် ပြည်တွင်း ဓာတ်ငွေ့ထုတ်လွှတ်နိုင်သည့်ပမာဏသည် မလုံလောက်သဖြင့်  LNG ပိုမိုဝယ်ယူနိုင်ရန် စွမ်းအင်မူဝါဒ နှင့် စီမံကိန်းရုံးနှင့် ဆွေးနွေးထားပြီးဖြစ်ပါကြောင်း၊ အီရာဝမ်ဓာတ်ငွေ့တွင်းသည် ၂၀၁၈ ခုနှစ်မှစ၍ ဓာတ်ငွေ့ထုတ်လွှတ်မှုကျဆင်းလာပါကြောင်း၊ ယခုနှစ်နွေရာသီတွင် အယ်လ်နီညိုရာသီဥတု ဖြစ်စဉ် များကြောင့် အပူချိန်တိုးမြှင့်လာနိုင်ပြီး နိုင်ငံအများစုတွင် မိုးခေါင်မှုများ ဖြစ်နိုင်ကြောင်း သိရှိရပါသည်။

နိုင်ငံပိုင်လျှပ်စစ်ထုတ်လုပ်ရေးအာဏာပိုင် (Electricity Generating Authority of Thailand-Egat)က နိုင်ငံအတွင်း ဓာတ်အားထောက်ပံ့ပေးရန်အတွက် LNG ပိုမိုတင်သွင်းသွားမည့် အစီအစဉ်ကို မတ်လအတွင်းက ကြေညာခဲ့ပါကြောင်း၊ တင်သွင်းလာသော LNG ကို များများသုံးစွဲပါက ဓာတ်အား အတွက် စိတ်ချရသော်လည်း ကမ္ဘာ့ဈေးကွက်တွင် LNG ဈေးနှုန်း အတက်အကျဖြစ်နိုင်သဖြင့် ဓာတ် အားခ မြင့်တက်နိုင်ကြောင်း၊ LNG ဈေးနှုန်းမြင့်တက်လာပါက Egat ၏ အစီအစဉ်သည် ဘဏ္ဍာရေး ပြဿနာနှင့် ရင်ဆိုင်ရနိုင်ကြောင်း အာဏာပိုင်၏ ဥက္ကဋ္ဌ Mr. Thepparat Theppitak က သုံးသပ်ပြောကြားခဲ့သည်။

ယခုလအတွင်း အပူချိန်သည် သာမန်ထက် ၃၀ ရာခိုင်နှုန်းမြင့်မားနိုင်ပြီး ၄၀ ဒီဂရီ ဆဲလ်စီးယက် ထက်ကျော်လွန်နိုင်ကြောင်း မိုးလေဝသဦးစီးဌာနက ထုတ်ပြန်ထားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand