Thailand

ထိုင်းနိုင်ငံ၊ ဆင်ခွန်းစစ်ဆေးရေးဂိတ်ကို အမြဲတမ်းစစ်ဆေးရေးဂိတ်အဖြစ် ဖွင့်လှစ်သွားရန်ရှိ

Last Updated:

ထိုင်းနှင့် မြန်မာနိုင်ငံတို့အကြား သယ်ယူပို့ဆောင်ရေးနှင့် ရေထွက်ပစ္စည်းအပါအဝင် လယ်ယာ ထွက်ကုန်များ ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် ထိုင်းနိုင်ငံ၊ မြောင် (Muang) ခရိုင်ရှိ ဆင်ခွန်းနယ်စပ် စစ်ဆေးရေးဂိတ်ကို အမြဲတမ်းစစ်ဆေးရေးဂိတ်အဖြစ် ဖွင့်လှစ်ရန် ထိုင်းနိုင်ငံ စိုက်ပျိုးရေးနှင့်သမဝါယမ ဝန်ကြီးဌာနက ရည်မှန်းထားကြောင်း သိရှိရပါသည်။

ဆင်ခွန်းနယ်စပ်စစ်ဆေးရေးဂိတ်တွင် ကျန်းမာရေးစံနှုန်းကဲ့သို့သော လုပ်ထုံးလုပ်နည်းများကို ယခုအချိန်အထိ အသုံးမပြုသေးသဖြင့် မြန်မာနှင့် ထိုင်း နိုင်ငံသားများသာလျှင် ဖြတ်သန်းခွင့်ပြုထားပါ ကြောင်း၊ ကုန်စည်များအတင်/အချဆောင်ရွက်ရာတွင် ပြည့်ကြပ်မှုများဖြစ်နေသဖြင့် လက်ရှိကုန်သွယ် မှု ပမာဏထက် မြင့်တက်လိုပါက ပစ္စည်းကိရိယာများ၊ နည်းပညာများနှင့် စံနှုန်းထားလုပ်ငန်းစဉ်များ လိုအပ်နေသေးပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဖွဲ့အစည်းများအား ပြည်နယ်အုပ် ချုပ်ရေးမှူးနှင့် ပူးပေါင်းဆောင်ရွက်၍ ရေထွက်ကုန်များ၏ ပို့ကုန်သွင်းကုန်ဆိုင်ရာ အစီအမံများကို မူကြမ်းပြုစုရန် လမ်း ညွှန်ထားပါကြောင်း ဝန်ကြီး Mr. Thamanat Prompow က ပြောကြားခဲ့သည်။

လာမည့်ဧပြီလ  ၂၄ ရက်နေ့တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် တွေ့ဆုံ၍ အဖြေရှာသွားမည် ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ နိုင်ငံ ခြားရေးဝန်ကြီးဌာနမှတစ်ဆင့် မြန်မာအစိုးရနှင့် ဆွေးနွေးပွဲတစ်ခု ဆောင် ရွက်သွားမည် ဖြစ်ပြီး ဆင်ခွန်းစစ်ဆေးရေးဂိတ်ဖွင့်လှစ်နိုင်ရေး တိုက်တွန်းသွားမည် ဖြစ်ကြောင်း၊ ဝန်ကြီးသည် ဒေသခံ ငါးဖမ်းတောင်သူများနှင့် တွေ့ဆုံ၍ ၎င်းတို့၏ ပြဿ နာများကို နားထောင်ခဲ့ရာ ဓာတ်ဆီဈေးသက်သာရန်နှင့် ရေထွက်ကုန်ဈေးနှုန်းများကျဆင်းရခြင်း၏ အဖြေများ သိလိုသည်ကို သိရှိခဲ့ရပါကြောင်း၊ ငါးဖမ်းတောင်သူများ၏ လိုလားချက်များကို တိုက်ရိုက်သိရှိခဲ့ရခြင်းသည် အခွင့် အလမ်းတစ်ခုဖြစ် ကြောင်း၊ တောင်သူများ၏ တောင်းဆိုချက်တစ်ခုချင်းစီအတွက် လေ့လာတင်ပြရန် ကော်မတီတစ်ခု ဖွဲ့စည်းခဲ့ပါကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ခြောက်သွေ့ရာသီတွင် မိုးခေါင်မှုပြဿနာအတွက် ပေါင်းစပ်လယ်ယာနည်းပညာများနှင့် ရေပြတ်လပ်မှုပမာဏနည်းပါးနိုင်မည့် ဗဟုသုတများမျှဝေရန် ဝန်ကြီးဌာနကို လမ်းညွှန်မှာကြားပြီး ဖြစ်ကြောင်း၊ ပရာကျွတ်ခီရီခန်သည် ငါးဖမ်းလုပ်ကိုင်သူ ၅၆ ဦးရှိပြီး ထိုင်းပင်လယ်ကွေ့တစ်လျှောက် အရှည်ဆုံး ကမ်းရိုးတန်း ၂၂၄.၈ ကီလိုမီတာရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံ၏ မောတောင်စစ်ဆေးရေးဂိတ်နှင့် ကုန်သွယ်မှု ဆောင်ရွက်လျက်ရှိသော ဆင်ခွန်း စစ်ဆေးရေးဂိတ်ကို လိုအပ်သော ကုန်သွယ်ရေးဆိုင်ရာ အစီအမံများဖြင့် အမြဲတမ်းဂိတ်အဖြစ် ဖွင့်လှစ်ခဲ့မည်ဆိုပါက  စိုက်ပျိုး‌ရေးထွက်ကုန်များနှင့် ရေထွက်ကုန်များအတွက် နှစ်နိုင်ငံ တရားဝင်ကုန်သွယ်မှု ပိုမိုတိုးတက်လာမည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand