USA

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယူကရိန်းဗဟိုဘဏ်တို့အကြား ဆိုင်ဘာလုံခြုံရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်

Last Updated:

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယူကရိန်းဗဟိုဘဏ် (National Bank of Ukraine) တို့အကြား ဆိုင်ဘာလုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို သက်တမ်းတိုးမြှင့်ကြောင်း အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာန (Department of Treasury) ၏ ဝက်ဘ်ဆိုက်၌ ၈-၄-၂၀၂၄ ရက်တွင် “Treasury Renews Memorandum of Understanding and Cooperation in Cybersecurity with Ukraine” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယူကရိန်းဗဟိုဘဏ်တို့အကြား ဆိုင်ဘာလုံခြုံရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာသည် ၂၀၂၀ ပြည့်နှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ပြီး အဆိုပါစာချွန်လွှာကို ထပ်မံသက်တမ်းတိုးမြှင့်ခြင်းဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာအရ အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ယူကရိန်းဗဟိုဘဏ်တို့အကြား သတင်းအချက်လက်များ ဖလှယ်သွားမည် ဖြစ်ပါကြောင်း၊ အဆိုပါသက်တမ်းတိုးမြှင့်သည့် နားလည်မှုစာချွန်လွှာသည် ၄-၄-၂၀၂၄ ရက်တွင် စတင်အာဏာသက်ဝင်မည်ဖြစ်ပြီး ဆိုင်ဘာလုံခြုံရေးဆိုင်ရာ Incidents နှင့်ခြိမ်းခြောက်မှုများ ၊ Cyber threat actors နှင့် ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် အလေ့အကျင့်ကောင်းများကို နှစ်ဖက်အဖွဲ့အစည်းများအကြား မျှဝေသွားမည်ဖြစ်ပါကြောင်း၊ နားလည်မှုစာချွန်လွှာသည် ပွင့်လင်းမြင်သာရှိခြင်း၊ ဆန္ဒအလျှောက် အချက်အလက်များမျှဝေခြင်းနှင့် လျှို့ဝှက်ချက်ထိန်းသိမ်းခြင်း စသည့်အချက်များအပေါ်တွင် အခြေခံရေးဆွဲထားခြင်းဖြစ်ပါကြောင်းနှင့် နှစ်ဖက်အဖွဲ့အစည်းများ၏ ကျွမ်းကျင်ပညာရှင်များအကြား ဆွေးနွေးပွဲများကျင်းပခြင်း၊ ဆိုင်ဘာလုံခြုံရေးနှင့်ပတ်သက်သည့် ဆန်းစစ်လေ့လာမှုများနှင့် နည်းပညာ အထောက်အပံ့ပေးခြင်းနှင့် သင်တန်းပို့ချပေးခြင်းများ ပါဝင်ကြောင်း သိရှိရပါသည်။

 

 

Source: https://home.treasury.gov/news/press-releases/jy2242

 (စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: USA