Thailand

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက Geographical Indication–GI ထုတ်ကုန်များ၏ ရောင်းအားမှ ဘတ် ၅၀ ဘီလီယံ ရရှိရန် မျှော်မှန်းထား

Last Updated:

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုနှစ်အတွင်း Geographical Indication –GI ထုတ်ကုန်များ၏ ရောင်းအားကို ဘတ် ၅၀ ဘီလီယံသို့ ရောက်ရှိရန် မျှော်မှန်းထား ကြောင်း၊ ထူးခြားသော အရည်အသွေးရှိသည့် GI ထုတ်ကုန်များ၏ ရောင်းအား အလားအလာများကို မျက်ခြေမပြတ်စောင့်ကြည့်နေကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး  Jurin Laksanawisit က ပြောကြားခဲ့ပါသည်။

Geographical Indication –GI ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ သို့မဟုတ် ဒေသတစ်ခုမှ ထူးခြား သော သွင်ပြင်လက္ခဏာများ သို့မဟုတ် အရည်အသွေးများ ရှိသော ထုတ်ကုန်များကို သက်သေခံသည့် ထူးခြားသော သက်သေခံလက်မှတ်ဖြစ်ကြောင်း၊ ယင်းသို့သော ထုတ်ကုန်များသည် ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် ဈေးကွက်တန်ဖိုးမြှင့်တင်ပေးနိုင်ကြောင်း ဆိုပါသည်။

 လက်ရှိတွင် ထိုင်းနိုင်ငံတွင်း၌ မှတ်ပုံတင်ထားသော GI ထုတ်ကုန်များ ၁၈၅ မျိုးရှိပါကြောင်း၊ အစားအစာ၊ လယ်ယာထွက်ပစ္စည်းများနှင့် အသုံးအဆောင်များ ဖြစ်ပါကြောင်း၊ မကြာသေးမီက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ခဲ့သည့် ကရာဘီဒေသမှ ထွက်ရှိသော ဒူးရင်းသီးဖြစ်သည့် “Tu-Rian Talay Hoi” သို့မဟုတ် “Talay Hoi Durian” သည် နောက်ဆုံးမှတ်ပုံ တင်ခဲ့သည့် GI ထုတ်ကုန်ဖြစ်ပါကြောင်း Mr. Jurin က ပြောကြားခဲ့ပါသည်။

 GI မှတ်ပုံတင်ထားသော ထိုင်းထုတ်ကုန် ၈ မျိုး ဖြစ်သည့် Thung Kula Rong Hai hom mali နှင့် Sangyod Muang Phatthalung ဆန်၊ Doi Chang နှင့် Doi Tung ကော်ဖီ၊ Isan ပိုးထည်၊ Lamphun ဘရိုကိတ်၊ Phetchabun မန်ကျည်းချို၊ Lamphun ရွှေရောင် လေချူသီးတို့ကို ဥရောပ သမဂ္ဂ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နှင့် အိန္ဒိယနိုင်ငံတို့တွင် တွေ့နိုင်ပါကြောင်း၊ Thung Kula Rong Hai hom mali ဆန်၊ Phetchabun Tab Tim Siam ကျွဲကော၊ Phetchabun မန်ကျည်းချို၊ Doi Chang နှင့် Doi Tung ကော်ဖီနှင့် Huay Mon နာနတ်သီး အပါအဝင် GI ထုတ်ကုန်များကို တရုတ်နှင့် ဂျပန်နိုင်ငံတို့တွင် မှတ်ပုံတင်သွားရန် ရှိပါကြောင်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Source: www.bangkok.gov         

Category: Thailand