China(Beijing)

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် သီးနှံအထွက်နှုန်းတိုးမြင့်စေရေး စိုက်ပျိုးရေးနည်းပညာများ အသုံးပြု၍ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားမည်

Last Updated:

လာမည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏ သီးနှံအထွက်နှုန်းတိုးမြှင့်နိုင်ရန်အတွက် စိုက်ပျိုးရေးဆိုင်ရာ သိပ္ပံနှင့်နည်းပညာအကူအညီများ အသုံးပြု၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ Market Early Warning Expert Committee မှ ထုတ်ပြန် ထားသည့် နိုင်ငံ၏ စိုက်ပျိုးရေးမျှော်မှန်းချက်အစီရင်ခံစာအရ သိရှိရပါသည်။

တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးသုံးသပ်ချက်အစီရင်ခံစာ (၂၀၂၃-၂၀၃၂) ကို ၁၈-၄-၂၀၂၃ ရက်နေ့က Chinese Academy of Agricultural Sciences တွင် ကျင်းပသည့် ၂၀၂၃ China Agricultural Outlook Conference တွင် ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

 ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံရှိ အဓိကစိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်အခြေအနေများ သုံးသပ်ခြင်းနှင့် လာမည့်ဆယ်စုနှစ်အတွင်း အဆိုပါထွက်ကုန်များ၏ ခန့်မှန်းထွက်ရှိနှုန်း၊ စားသုံးမှု၊ ကုန်သွယ်မှုနှင့်ဈေးနှုန်းအလားအလာများ စသည်တို့ပါဝင်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ နှံစားသီးနှံ(grain) စုစုပေါင်းထုတ်လုပ်မှုသည် ၂၀၂၂ ခုနှစ်အတွင်း မှတ်တမ်းအသစ် တစ်ခုဖြစ်ခဲ့ပြီး ၆၈၇ မီလီယံတန်၊ ယခင်နှစ်ထက် ၀.၅ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တစ်ဆက်တည်း ဖြစ်သည့်ရှစ်နှစ်အတွင်း ၆၅၀ မီလီယံတန်အထက်ရှိခဲ့ကြောင်း နိုင်ငံ၏ စာရင်းအင်းဗျူရို ထုတ်ပြန်ချက် အရသိရှိရပါသည်။ နှံစားသီးနှံ(grain)နှင့်မူလစိုက်ပျိုးရေးထုတ်ကုန်များ ရောင်းချမှုအာမခံချက်ပေး နိုင်သည့် အခြေခံအုတ်မြစ်မှာလည်း ဆက်လက်တည်ငြိမ်လျက်ရှိကြောင်း အစီရင်ခံစာအရ သိရှိရပါ သည်။

အစီရင်ခံစာ၌ တရုတ်နိုင်ငံ၏ နှံစားသီးနှံ(grain)ထုတ်ကုန်များသည် ၂၀၂၃ ခုနှစ်တွင် ၆၉၄ မီလီယံတန်သို့ ရောက်ရှိနိုင်ပြီး ယခင်နှစ်ထက် ၁.၁ ရာခိုင်နှုန်းမြင့်တက်နိုင်ကြောင်းဖော်ပြထားပါသည်။ လာမည့် ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံသည် စားသောက်ကုန်ပစ္စည်း အမယ်များစွာ ထုတ်လုပ်သည့် စနစ်ကို တည်ထောင်ခြင်း၊ ကျေးလက်ဒေသများတွင် အဆင့်မြင့်စိုက်ပျိုးရေးစနစ်များဖြင့် တိုးတက် အောင်ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကွက်တိုးမြှင့်ရရှိရေး ဆောင်ရွက်ခြင်းနှင့် သက်သာသည့်ဈေးနှုန်းဖြင့် ဈေးကွက်ယှဉ်ပြိုင်မှုအနေအထား အားကောင်းစေရေး ဆောင်ရွက်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

တရုတ်နိုင်ငံတွင် အစားအစာ ဘေးကင်းလုံခြုံမှုရှိစေရေးအစီအစဉ်ကို လာမည့်ဆယ်စုနှစ် အတွင်း ခိုင်မာ စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အရည်အသွေးမြင့် စံချိန်စံညွှန်းမီ လယ်ယာ မြေများတည်ထောင်ကာ စုစုပေါင်း ၁၀၃ မီလီယံ ဟက်ကာခန့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးသိပ္ပံနှင့်နည်းပညာ အကျိုးကျေးဇူးများကြောင့် သီးနှံထွက်နှုန်းများ ထင်ရှားစွာ တိုးတက်ခဲ့ကြောင်း၊ လာမည့်ဆယ်စုနှစ်အတွင်း တရုတ်နိုင်ငံ၏ နှံစားသီးနှံ(grain)ထုတ်လုပ်မှုသည် နှစ်စဉ် ၁.၂ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်မှု စွမ်းရည်ထင်ရှားစွာ တိုးတက်လာမည်ဖြစ်ပြီး အစားအစာ အရင်းအမြစ်များရရှိနိုင်သည့် နေရာများ ပိုမို ကျယ်ပြန့်လာမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် တရုတ်နိုင်ငံတွင် နေထိုင်သူများ၏ ဝင်ငွေများတိုးတက်လာခြင်း၊ စိုက်ပျိုးရေးထွက်ကုန် စားသုံးမှု မြင့်တက်လာခြင်းနှင့် စားသောက်ကုန်ပစ္စည်းအမယ်များစွာ ဝယ်လိုအားများပြားလာခြင်း တို့ရှိ ကြောင်း ဖော်ပြထားပါသည်။ ပြည်တွင်း၌ စားသောက်မှုပုံစံများမြင့်တက်လာခဲ့ပြီး နှံစားသီးနှံ(grain) နှင့် ဟင်းသီးဟင်းရွက်နှင့်စပ်လျဉ်းသည့် ထုတ်ကုန်အမျိုးမျိုးကို စားသုံးမှုများ မြင့်တက်လာခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါအစီရင်ခံစာအရ တရုတ်နိုင်ငံတွင် နှံစားသီးနှံ(grain) တစ်ဦးချင်းစားသုံးမှုများ ကျဆင်း ခဲ့ပြီး မွေးမြူရေးသားငါး၊ ပဲပုပ်၊ နို့ထွက်ပစ္စည်း၊ သစ်သီးနှင့် ရေထွက်ကုန်ပစ္စည်း စားသုံးမှုများ မြင့်တက် လာခဲ့ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးထုတ်ကုန်များ တင်သွင်းသည့် ကုန်သွယ်မှုပုံစံမှာလည်း ကွဲပြားလာမည်ဖြစ်ပြီး လာမည့် ဆယ်စုနှစ်တွင် နှံစားသီးနှံ(grain) တင်သွင်းမှုသည့် ၁၉.၇ ရာခိုင်နှုန်း ကျဆင်းနိုင်ကြောင်း သိရှိ ရပါသည်။

 အဆိုပါအစီရင်ခံစာအရ ဆန်တင်ပို့မှု၊ တရုတ်နိုင်ငံ၏ အဓိကနှံစားသီးနှံ(grain) တင်ပို့မှု များသည် လာမည့်ဆယ်စုနှစ်တွင် ၂၄ ရာခိုင်နှုန်းမြှင့်တင်ရန် မျှော်မှန်းထားကြောင်း၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ရေထွက်ပစ္စည်းများသည် ယှဉ်ပြိုင်မှုများသည့် နိုင်ငံတကာဈေးကွက်တွင်း တင်ပို့မှုပုံမှန် တိုးတက်စေရန် မျှော်မှန်း ထားကြောင်း သိရှိရပါသည်။

အစီရင်ခံစာ၌ တရုတ်နိုင်ငံအနေဖြင့် စိုက်ပျိုးရေးထွက်ကုန်များ ထွက်ရှိသည့် ကုန်သွယ်မှု မိတ်ဖက်နိုင်ငံများနှင့် တိုးတက်အောင်ဆောင်ရွက်ခြင်းနှင့် ကုန်သွယ်မှုတိုးလာနိုင်ကြောင်း အထူးသဖြင့် အရှေ့တောင်အာရှနိုင်ငံများ၊ တောင်အမေရိကနိုင်ငံများနှင့် ပင်လယ်နက်ဒေသတို့ဖြစ်ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

စီးပွားရေးသံမှူး၊ ပေကျင်းမြို့

Source: Ministry of Agriculture and Rural Affairs of the People's Republic of China (moa.gov.cn)

Category: China(Beijing)