Vietnam

သွင်းကုန် ပို့ကုန်ဝင်ငွေမှ ဗီယက်နမ် နိုင်ငံတော်ဘတ်ဂျက်သည် ပထမ ၅ လအတွင်း ၇.၄ % တိုးလာ

Last Updated:

ပို့ကုန်သွင်းကုန်လုပ်ငန်းများမှ နိုင်ငံတော်၏ စုစုပေါင်းဘဏ္ဍာငွေသည် ဗီယက်နမ်ဒေါင် ၁၆၅.၇ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၆.၆၃ ဘီလီယံနီးပါး) နီးပါးရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇.၄ ရာခိုင်နှုန်း တိုးလာကြောင်း Vietnam News Agency အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ အကောက်ခွန်ဦးစီးဌာန (Vietnam Customs) ၏ အဆိုအရ ၅ လတာကာလအတွင်း နိုင်ငံ၏ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၃၀၅.၅၃ ဘီလီယံခန့်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၆.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ကုန်သွယ်မှုပမာဏတွင် စုစုပေါင်း ပို့ကုန်နှင့် သွင်းကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၅၆.၇၇ ဘီလီယံနှင့် ၁၄၈.၇၆ ဘီလီယံဒေါ်လာအထိရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါ သည်။

အမျိုးသားလွှတ်တော်သည် ဗီယက်နမ်အကောက်ခွန်ဦးစီးဌာနအား ၂၀၂၄ ခုနှစ် နိုင်ငံတော်ဘတ်ဂျက်အတွက် ၃၇၅ ထရီလီယံ ကောက်ခံရန်တာဝန်ပေးအပ်ခဲ့ကြောင်းနှင့် သွင်းကုန်ပို့ကုန်လုပ်ငန်းများမှဝင်ငွေ  ၂၀၄ ထရီဘီယံ ရရှိပြီးဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam