Vietnam

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဘတ်ဂိုင်ပြည်နယ်မှ လိုင်ချီးစ်တန်ချိန် ၉၀၀၀ ကျော် တင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Bac Giang ပြည်နယ်သည် ယခုနှစ်တွင် လိုင်ချီးစ်တန်ချိန် ၉၃၀၀ ကျော်တင်ပို့နိုင်ခဲ့ကြောင်း ပြည်နယ်စက်မှုနှင့် ကုန်သွယ်မှုဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ၎င်းတို့အနက် တန်ချိန် ၉,၂၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ပြီး ကျန်တန်ချိန်များအား အမေရိကန်၊ အီးယူ၊ သြစတြေးလျ၊ ကနေဒါနှင့် ဂျပန်အပါအဝင် အခြားဈေးကွက်များသို့ တင်ပို့ခဲ့ကြောင်း ဖော်ပြထားသည်။

ဒေသခံတောင်သူများသည် ယခုနှစ်တွင် လိုင်ချီးစ် တန်ချိန် ၂၇,၀၀၀ နီးပါးကို ရိတ်သိမ်းပြီးဖြစ်ပြီး ၎င်းသည်ပြည်နယ်၏ လိုင်ချီးစ်သီးအထွက်နှုန်း မျှော်မှန်းချက်၏ ၂၆.၉ ရာခိုင်နှုန်းရှိသည်။

ပြည်နယ်သည် ပြည်ပတင်ပို့ရန်အတွက် လိုင်ချီးစိုက်ပျိုးမှု ဧရိယာစုစုပေါင်း ဟက်တာ ၁၇,၁၀၀ ကျော်ရှိပြီး ဧရိယာကုဒ် ၂၂၃ ခုကြောင်း၊ တရုတ်ဈေးကွက်တွင် ခန့်မှန်းဧရိယာ ဟက်တာ ၁၆,၂၁၇ ရှိပြီး ထုတ်လုပ်မှုယူနစ် နံပါတ် ၁၃၀ ရှိသည်။

လိုင်ချီးစ်သီးထုတ်လုပ်သည့် စက်ရုံ ၃၉ ခုသည် တင်ပို့ရန်အတွက် တရုတ်နိုင်ငံ၏ စည်းမျဉ်းများနှင့်ကိုက်ညီကြောင်း တွေ့ရှိရပြီး ၂၀၂၄ ခုနှစ်အတွက် ခန့်မှန်းထားသည့် စုစုပေါင်းလိုက်ချီးစ် အထွက်နှုန်းမှာ တန်ချိန် ၁၀၀,၀၀၀ ခန့် ရှိကြောင်းဖော်ပြထားသည်။

ပြည်နယ်၏ လိုင်ချီးစ်သီးများကို နိုင်ငံပေါင်း ၃၀ ကျော်သို့ တင်ပို့ရောင်းချခဲ့ပြီးဖြစ်ကြောင်း ယခုနှစ်တွင် လိုင်ချီးစ်တန်ချိန် ၇၀,၀၀၀ ခန့် တင်ပို့နိုင်မည်ဖြစ်ကြောင်းနှင့် စုစုပေါင်းထွက်ရှိမှု၏ ၇၀ ရာခိုင်နှုန်းခန့်ရှိကြောင်း ဖော်ပြထားသည်။

 

 

Source: VN economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam