Thailand

ယခုနှစ်အတွင်း ကိုရီးယားနိုင်ငံသို့ ထိုင်းပို့ကုန် ၂ ရာခိုင်နှုန်း တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထား

Last Updated:

ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ်နှင့် ဘူဆန်ပြည်နယ်တို့နှင့် ထိုင်းနိုင်ငံတို့အကြား ချုပ်ဆိုထားသော လွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ် (အသေး) (mini FTA) တို့မှ ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် ထိုင်း ပို့ကုန်များကို ကိုရီးယားနိုင်ငံသို့ အမေရိကန် ဒေါ်လာ ၆.၅၂ ဘီလီယံ (၂ ရာခိုင်နှုန်း) တိုးမြှင့်တင်ပို့နိုင်ရန် မျှော်မှန်းထားပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin Laksan-awisit က ပြောကြားခဲ့ပါသည်။

အဓိကထားသည့် ပို့ကုန်များမှာ သကြား၊ ဆီ၊ ရာဘာထုတ်ကုန်များ၊ လျှပ်စစ်ဆားကစ်စ်များ၊ အလူမီနီယမ် ထုတ်ကုန်များနှင့် အစားအစာနှင့် အဖျော်ယမကာတို့ဖြစ်ကြောင်း ၎င်းက ဆိုပါသည်။

၂၀၂၂ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့ခဲ့သည့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၆.၃၉ ဘီလီယံဖြင့် ထိုင်းနိုင်ငံ၏ အဆင့် ၁၂ ရှိသော ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ခဲ့ပါကြောင်း၊ ယခင်နှစ်က တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော်ဖြစ်သည့် ဘူဆန်နှင့် mini FTA ဖွဲ့ စည်းရန် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် စက်တင်ဘာတွင် Gyeonggi ပြည်နယ်နှင့် လက်မှတ်ရေးထိုးခဲ့ပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

Gyeonggi ပြည်နယ်သည် တောင်ကိုရီးယားနိုင်ငံ၏ GDP တိုးတက်မှုအမြင့်မားဆုံးဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်နေသော မြို့တစ်မြို့ဖြစ်ပါကြောင်း၊ ထိုင်းနှင့် ကိုရီးယားတို့သည် စီးပွားရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု အားလုံးကို လွှမ်းခြုံသည့် ၆၅ နှစ်ကြာ မိတ်ဖက်ဆက်ဆံရေးရှိပါကြောင်း၊ ကုန်သွယ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၆.၅ ဘီလီယံရှိပါကြောင်း၊ ကိုရီးယားနိုင်ငံ Gyeonggi ပြည်နယ် Gyeonggido Business and Science Accelerator (GBSA) နှင့် Gyeonggi Business Center (GBC) တို့ ပူးပေါင်း၍ G-Fair Korean 2nd ASEAN+ 2023 Sourcing Fair ကို ထိုင်းနိုင်ငံတွင် ကျင်းပခဲ့ပါကြောင်း ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ ဟိုင်နန်၊ ဂန်စူ နှင့် ရှန်ကျန်း၊ ဂျပန်နိုင်ငံ ကိုဖူ၊ အိန္ဒိယနိုင်ငံ တယ်လာဂန်နာနှင့် ကိုရီးယားနိုင်ငံ Gyeonggi နှင့် ဘူဆန်တို့နှင့် mini FTA များ ရှိပြီးဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် ဩဂုတ်လတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်ပြီး အိန္ဒိနိုင်ငံရှိ ပြည်နယ် ၅ ခုနှင့်လည်း လက်မှတ်ရေးထိုးသွားရန် ရှိပါကြောင်း၊ အင်္ဂလန်နှင့် ပါကစ္စတန်တို့ရှိ မြို့များနှင့်လည်း FTA များ တည်ထောင်သွားမည်ဖြစ်ကြောင်း Mr. Jurin က အသေးစိတ်ရှင်းလင်းပြောကြားပါသည်။

 

Source:www.bangkok post. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

         

Category: Thailand