Korea

၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ပြန်လည်အားကောင်းလာစေရန် အစိုးရကအဓိကထားဆောင်ရွက်သွားမည်

Last Updated:

၂၀၂၃ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးပြန်လည်အားကောင်း လာစေရေးအတွက် အစိုးရကအဓိကဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ယင်းသို့ ဆောင်ရွက်ရာတွင် ပို့ကုန်လုပ်ငန်းရှင်များကို ငွေကြေးအထောက်အပံ့တိုးမြှင့်ပေးခြင်းနှင့် ပြည်တွင်းဝယ် လိုအားမြှင့်တင်နိုင်ရန် ပြည်တွင်းခရီးသွားလာမှုများအတွက် မက်လုံးများပိုမိုပေးခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့က ပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ကျဆင်းနေခဲ့သောကြောင့် ၂၀၂၃ ခုနှစ်အတွက် နိုင်ငံ၏စီးပွားရေးတိုးတက်နှုန်းသည် ကနဦးခန့်မှန်းထားသည့် ၁.၆ ရာခိုင်နှုန်းအောက် လျော့နည်း ကာ ၁.၄ ရာခိုင်နှုန်းသာ ရှိလိမ့်မည်ဟု တောင်ကိုရီးယားဗဟိုဘဏ်က ခန့်မှန်းထားခဲ့သကဲ့သို့ The International Monetary Fund (IMF) ကလည်း စီးပွားရေးတိုးတက်နှုန်းကို ၁.၅ ရာခိုင်နှုန်း အောက်သာ ရှိလိမ့်မည်ဟု ခန့်မှန်းထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးပြန်လည်အားကောင်းလာစေရန် ၂၀၂၃ ခုနှစ်၊ ဒုတိယ နှစ်ဝက်အတွက် စီးပွားရေးမူဝါဒများဖြင့် အဓိကပန်းတိုင် (၄) ခုကို ရောက်ရှိရန် ဦးစားပေးရေးဆွဲ ထားပါကြောင်း၊ ၎င်းပန်းတိုင်(၄) ခုမှာ စီးပွားရေးတိုးတက်မှုအရှိန်အဟုန် ပြန်လည်အားကောင်းလာစေရန်၊ ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းမှု တည်ငြိမ်မှုရှိစေရန်၊ စီးပွားရေးဆိုင်ရာ အခြေ ခံအချက်အလက်များ တိုးတက်လာစေရန်နှင့် အနာဂတ်အခြေခံအဆောက်အဦများအတွက် အုတ်မြစ်ချနိုင်ရန်တို့ဖြစ်ပါကြောင်း တောင်ကိုရီးယားနိုင်ငံ၏စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး Mr.Choo Kyung-hou က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့ပါသည်။

စီးပွားရေးပြန်လည်အားကောင်းလာစေရေးအတွက် ချမှတ်ထားသည့် ပို့ကုန်တိုးတက်ရေးစီမံချက်များတွင် ပို့ကုန်တင်ပို့သည့်လုပ်ငန်းရှင်များ၏ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းများတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများဝယ်ယူနိုင်ရန် ချေးငွေအဖြစ် တောင်ကိုရီးယားဝမ်ငွေ ၁၈၄ ထရီလီယံ   (အမေရိကန်ဒေါ်လာ ၁၄၁ ဘီလီယံ) အထိ မှတ်တမ်းတင်ဖွယ်ပမာဏအဖြစ် ထုတ်ပေးသွားရေး ထည့်သွင်းရေးဆွဲထားပါသည်။ ထို့ပြင် စက်ရုံများနှင့်လိုအပ်သော အဆောက်အဦများအတွက် ရင်းနှီးမြှုပ်နှံနိုင်ရေးထောက်ပံ့ပေးရန် တောင်ကိုရီးယားဝမ်ငွေ ၂၆ ထရီလီယံ ထပ်မံသုံးစွဲသွားမည် ဖြစ်ပါသည်။

ပို့ကုန်များသည် နိုင်ငံ၏စီးပွားရေးအတွက် အခြေခံအုတ်မြစ်ဖြစ်သည့်အပြင် ပြည်တွင်းအလုပ်အကိုင်ခန့်ထားနိုင်မှုမြှင့်တင်ရေးအတွက်လည်း အရေးပါသောကြောင့် အစိုးရသည် နိုင်ငံ၏ စီးပွားရေးမူဝါဒတွင် ပို့ကုန်တင်ပို့မှုမြှင့်တင်နိုင်ရေးအတွက် လိုအပ်သောကြိုးပမ်း အားထုတ်မှုများ ဆောင်ရွက်သွားရေးကို ဦးစားပေးအဖြစ်ထားရှိသွားရန်လိုပါကြောင်း သမ္မတယွန်ဆုခ်ယော်က  ၂၀၂၃ခုနှစ်၊ ဇူလိုင်လ ၄   ရက်နေ့တွင်ကျင်းပခဲ့သည့် စီးပွားရေးမူဝါဒဆိုင်ရာ အစိုးရအဖွဲ့အစည်းများ၏ ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။

 

 

 

Source:https://www.koreatimes.co.kr/www/nation/2023/07/602_354256.html#:~:text=The%20government%20will%20place%20top, the % 20finance% 20ministry%20said%20 Tuesday.

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

 

Category: Korea