Phillippines

အင်ဒိုနီးရှားမှကော်ဖီတင်သွင်းမှုအပေါ်ကောက်ခံသည့် အထူးကာကွယ်ပေးမှု အကောက်ခွန်စည်းကြပ်ခြင်းဆိုင်ရာမူဝါဒအား ပြန်လည်သုံးသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးပြောကြား

Last Updated:

အင်ဒိုနီးရှားမှ ကော်ဖီတင်သွင်းမှုအပေါ် ကောက်ခံသည့် အထူးကာကွယ်ပေးမှုအကောက်ခွန် စည်းကြပ်ခြင်း (Special Safeguard Duties-SSG) ဆိုင်ရာမူဝါဒအားပြန်လည် သုံးသပ်သွားမည်ဖြစ်ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးက ဖိလစ်ပိုင်-အင်ဒိုနီးရှားနှစ်နိုင်ငံအစည်းအဝေးတွင်ဆွေးနွေးခဲ့ကြောင်း ၁၆-၁-၂၀၂၄ ရက်နေ့သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပါသည်။

လတ်တလောဖိလစ်ပိုင်နိုင်ငံသို့လာရောက်ခဲ့သည့် အင်ဒိုနီးရှားသမ္မတ၏ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ်တွင်သမ္မတဂျိုကိုဝီဒိုဒိုမှ သမ္မတမားကို့စ်ထံ အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ပေးရန် အကူအညီတောင်းခံဆွေးနွေးခဲ့ပါကြောင်း၊ ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနအနေဖြင့်ကော်ဖီကဲ့သို့သော စိုက်ပျိုးရေးထုတ်ကုန်များအပေါ်ကုန်သွယ်ရေးဆိုင်ရာကုစားမှုနည်းလမ်းတစ်ခုအနေဖြင့် အဆိုပါ အထူးကာကွယ်ပေးမှုအကောက်ခွန်အား စည်းကြပ်လျက်ရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံသည် ကော်ဖီတင်သွင်းမှုအပေါ် ဈေးနှုန်းအခြေခံသည့်စနစ်ဖြင့်  အထူးကာကွယ်ပေးမှု အကောက်ခွန် (SSG)အား ကောက်ခံလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းသို့ ကော်ဖီအများအပြား တင်သွင်းခဲ့သည့်၂၀၁၈ ခုနှစ် နောက်ပိုင်းကာလများမှ စတင်ကောက်ခံခဲ့ခြင်းဖြစ်ပါကြောင်း၊ ပြည်တွင်းသို့တင်သွင်းလာသည့်ကုန်စည်ပမာဏမြင့်တက်မှုကြောင့် ယင်းကုန်စည်နှင့်အလားတူသော သို့မဟုတ်  တိုက်ရိုက်ယှဉ်ပြိုင်နိုင်သောပြည်တွင်းကုန်စည်ထုတ်လုပ်သူများအပေါ် ထိခိုက်နစ်နာမှုများ မရှိစေရန်အတွက် အထူးကာကွယ်ပေးမှုအကောက်ခွန် (SSG) အား ကုန်သွယ်မှုပြုလုပ်လျက်ရှိသည့် နိုင်ငံများမှ ကောက်ခံသည့် အထူးအကောက်ခွန်တစ်ရပ်ပင်ဖြစ်ပါသည်။

အင်ဒိုနီးရှားနိုင်ငံသည် အဆိုပါအခွန်ကောက်ခံသည့်အတွက် ဆိုးရွာစွာထိခိုက်ခဲ့သည့်နိုင်ငံများထဲမှတစ်နိုင်ငံဖြစ်ပြီး အကျိုးဆက်အားဖြင့် ၂၀၁၉ မှစ၍ ဖိလစ်ပိုင်နိုင်ငံ၏ အင်ဒိုနီးရှားကော်ဖီတင်သွင်းမှုမှာ ကျဆင်းသွားခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ မတ်လတွင် ဖိလစ်ပိုင်အစိုးရသည် ပြည်တွင်းကော်ဖီထုတ်လုပ်သူများအား အကာအကွယ်ပေးနိုင်ရေးအတွက်ကော်ဖီအပေါ်ကောက်ခံသည့် SSG အား ဆက်လက်ကောက်ခံဆဲဖြစ်သည့်အတွက် ပြည်တွင်းကော်ဖီဈေးနှုန်းအပေါ် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း၊ အထူးသဖြင့် အသင့်ဖျော်ကော်ဖီ အမျိုးအစားများအပေါ်တွင်ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ အသင့်ဖျော်ကော်ဖီတင်သွင်းမှုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း မက်ထရစ်တန်ချိန် ၁၃၈.၈၉၈ တင်သွင်းခဲ့သဖြင့် ၂၀၂၂ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၇၃ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း ဖိလစ်ပိုင်စာရင်းအင်းအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်သည့်ကိန်းဂဏန်းများအရ သိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အသင့်ဖျော်ကော်ဖီတင်သွင်းမှုမှာ တစ်နှစ်ထက်တစ်နှစ် ကျဆင်းလျက်ရှိပြီး အင်ဒိုနီးရှားနိုင်ငံသည့် ဖိလစ်ပိုင်နိုင်ငံသို့ အသင့်ဖျော်ကော်ဖီတင်ပို့သည့် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

 

 

Source; https://businessmirror.com.ph/2024/01/16/imposition-of-ssg-duties-on-imported-indonesian-coffee-undergoes-

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: Phillippines