Vietnam

ပထမနှစ်ဝက်အတွင်း ဗီယက်နမ်-တရုတ်နယ်စပ် ကုန်သွယ်မှု တိုးမြင့်လာ

Last Updated:

ဗီယက်နမ်နိုင်ငံနှင့် တရုတ်နိုင်ငံအကြား Lao Cai နှင့် Lang Son နယ်စပ်ဂိတ်များမှတစ်ဆင့် ပို့ကုန်၊ သွင်းကုန်ဆောင်ရွက်မှု လုပ်ငန်းများသည် ယခုနှစ် ပထမ ၆ လအတွင်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း သိရှိရပါသည်။

ပြည်နယ်အာဏာပိုင်များ၏ အဆိုအရ Lao Cai နယ်စပ်ဂိတ်များမှတစ်ဆင့် ၆ လတာ ကာလအတွင်း နှစ်နိုင်ငံကုန်သွယ်မှု စုစုပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံကျော် ရှိမည်ဟု ခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် တိုးတက်မှု ၆၄.၂ ရာခိုင်နှုန်းနှင့် နှစ်စဉ်စီမံချက်၏ ၃၅ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း သိရှိရပါသည်။

ပြည်နယ်အတွင်း နယ်စပ်ဂိတ်များမှတစ်ဆင့် သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများတွင် ပါဝင်သည့် လုပ်ငန်းပေါင်း ၅၁၅ ခုရှိပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၂၂.၆ ရာခိုင်နှုန်း မြင့်တက်လာကြောင်း၊ Kim Thanh နယ်စပ်ဂိတ် အမှတ် (၂) တွင် တစ်ရက်လျှင် ကားအစီးရေ ၃၇၀ ခန့် အကောက်ခွန်ကင်းရှင်းရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

တစ်ချိန်တည်းတွင် Lang Son ပြည်နယ်နယ်စပ်ဂိတ်များမှတစ်ဆင့် တင်ပို့တင်သွင်းသည့် စုစု ပေါင်းတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂.၇ ဘီလီယံကျော်ရှိကြောင်းနှင့် ၎င်းတို့အနက် ပို့ကုန်ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃.၃ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်းနှင့် အဆိုပါပြည်နယ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ ကားအစီးရေ ၁၂၀၀ အတွက် အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖော်ပြထားပါ သည်။

 

 

 Source: Vietnam Economic Times

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam