Germany

တရုတ်နိုင်ငံမှ လျှပ်စစ်ကားထုတ်လုပ်သည့် ကုမ္ပဏီများသည် ဂျာမန်ကုမ္ပဏီကြီးများထက်ပင် သာလွန်နေ

Last Updated:

ငွေကြေးဖောင်းပွမှုမြင့်တက်လာနေချိန်တွင် စီးပွားရေးလုပ်ငန်းများ၌ အော်ဒါမှာယူမှုများ ပိုမိုနည်းပါးလာပြီး စားသုံးသူများ၏ ဝယ်ယူနိုင်စွမ်းကျဆင်းလာမှုကြောင့် ဂျာမန်စီးပွားရေးသည် အကျပ်အတည်းများဖြင့် ဖရိုဖရဲဖြစ်နေပါသည်။

နိုင်ငံအတွင်း ကားထုတ်လုပ်သူများအနေဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေခြင်းနှင့် ရင်ဆိုင်နေရပြီး တစ်ချိန်ကအင်အားကြီးမားခဲ့သော စက်မှုလုပ်ငန်းတစ်ခုအနေဖြင့် ဖွဲ့စည်းပုံဆိုင်ရာ ပြသနာများနှင့် ရင်ဆိုင်နေရသော်လည်း ၎င်းတို့၏ထုတ်လုပ်မှုကို ကျယ်ပြန့်စွာ ချဲ့ထွင်နိုင်ခဲ့သည်။ နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သော ရန်ပုံငွေအများစုကို လောင်စာအင်ဂျင်သုံးမော်တော်ကားများ ရောင်းချခြင်းမှ ရရှိနေဆဲဖြစ်သော်လည်း လျှပ်စစ်ကားများနှင့် အလိုအလျောက် မောင်းနှင်နိုင်သောစက်များကို သုံးစွဲခြင်းသို့ အသွင်ကူးပြောင်းလာမှုသည် ကုန်ကျစရိတ်များကို မြင့်တက်လာစေခဲ့ပြီး နိုင်ငံရေးအရ မဖော်ပြနိုင်သည့် မသေချာမရေရာမှုများကိုပါ  မြင့်တက်လာစေခဲ့သည်။

လူကြိုက်များသည့် Volkswagen၊ Mercedes Benz နှင့် BMW တို့ကဲ့သို့သော ကားကုမ္ပဏီများ၏ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်အတွက် ကုမ္ပဏီကိန်းဂဏန်းများမှာ ကျေနပ်ဖွယ်ရာဖြစ်ခဲ့သဖြင့် ၀င်ငွေတိုးလာပြီး အမြတ်အစွန်းရရှိမှုများကြောင်း ၎င်းတို့အားလုံးကအစီရင်ခံခဲ့ကြပါသည်။ သို့သော်လည်း ယခုနှစ်၏ ကျန်ရှိသောလများအတွက် ၎င်းတို့၏ ရှုမြင်သုံးသပ်ချက်မှာမူ ကုမ္ပဏီအသီးသီးတွင် ရင်းနှီးမြှုပ်နှံထားသူများနှင့် ရှယ်ယာရှင်များ၏မျှော်လင့်ချက်များကို စိတ်ပျက်ဖွယ်ဖြစ်စေခဲ့ပါသည်။ ငွေကြေးဖောင်းပွမှုနှင့် အတိုးနှုန်းများမြင့်တက်လာခြင်းတို့သည် ကုမ္ပဏီများ၏ စိတ်အားထက်သန်မှုကို နှောင့်နှေးစေကာ မော်တော်ယာဉ်အသစ်များအတွက် ဝယ်လိုအား နည်းပါးသွားခဲ့သည်။

ထုတ်လုပ်မှုများ တိုးတက်လာသည်ကို တွေ့မြင်နေရသော်လည်း ယင်းမှာ စိတ်သက်သာရာရစေ မည့် လက္ခဏာမဟုတ်ကြောင်း၊ ရောင်းလိုအားမှာမူ ၂၀၁၉ ခုနှစ် ကိုဗစ်-၁၉ ကပ်ရောဂါ မတိုင်မီ ကာလများကထက် ၅ ဆခန့် ပိုနေသေးကြောင်း The German Association of the Automotive Industry ၏ ဥက္ကဋ္ဌဖြစ်သူ Mr.  Hildegard Müller က သတိပေးခဲ့ပါသည်။

ဂျာမနီတွင်  ဘက်ထရီစွမ်းအင်သုံး မော်တော်ကားများ မှာယူမှု ကျဆင်းလျက်ရှိရာ ၀ယ်လိုအားမှာ ယခင်နှစ်ကထက် ၆၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့သည်။

ကမ္ဘာ့အကြီးဆုံးနှင့် အရေးအကြီးဆုံး မော်တော်ကားစျေးကွက်ဖြစ်သော တရုတ်နိုင်ငံသည် လျှပ်စစ် ကားအသစ်များ မှတ်ပုံတင်ခြင်းအတွက်သာမက ထုတ်လုပ်မှုကဏ္ဍတွင်ပါ ဦးဆောင်လာကာ လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းရှိ လျှပ်စစ်ကားအမျိုးမျိုး (တစ်ပတ်ရစ်ကားများအပါအဝင်)ကို တရုတ်နိုင်ငံတွင် မောင်းနှင်သုံးစွဲ ခွင့်ပြုလျက်ရှိပါသည်။

တရုတ်နိုင်ငံမှ မော်တော်ကားထုတ်လုပ်သူများသည် အမေရိကန် ထိပ်တန်းကားကုမ္ပဏီကြီးဖြစ် သော Tesla ကို အမီလိုက်နိုင်ရေးအတွက်  နည်းပညာတိုးတက်မှုများရရှိရန် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ တရုတ်နိုင်ငံမှ ကားဝယ်ယူသုံးစွဲသူများဖြစ်သော လူလတ်တန်းစားနှင့် အထက်တန်း ကြေးရတက်များအနေဖြင့် ပြည်တွင်းကား အမှတ်တံဆိပ်များအပေါ် ပိုမိုအလေးထားလာကြပါသည်။ တရုတ်နိုင်ငံ၏ အကြီးဆုံး ကားထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သော BYD အနေဖြင့် ယခုနှစ်၏ ပထမနှစ်ဝက်တွင် Tesla ကုမ္ပဏီထက် လျှပ်စစ်ကား  ၂၉ ရာခိုင်နှုန်းခန့် ပိုမိုရောင်းချခဲ့ရ ကြောင်း China Passenger Car Association မှ နောက်ဆုံးထုတ်ပြန်ထားသည့် ကိန်းဂဏန်းများအရ သိရှိရပါသည်။

BYD ကုမ္ပဏီက Volkswagen (VW) အား ယခုနှစ်၏ ပထမ (၃)လပတ်တွင် ၎င်းတို့ကုမ္ပဏီအနေဖြင့် VW ထက် အဆ (၂၀) နီးပါးသာလွန်၍ ကားများကို ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်ဟု ဝန်ခံခိုင်းနေပါသဖြင့် ယင်းကိစ္စမှာ ကားဈေးကွက်တွင် အနှောက်အယှက်တစ်ခု ကြုံတွေ့နေရခြင်းဖြစ် ကြောင်း Volkswagen (China) ကုမ္ပဏီ၏ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Ralf Brandstätter က DW သို့ ပြောကြားခဲ့ပါသည်။

VW ၏ တန်ဖိုးကြီး ကုန်အမှတ်တံဆိပ်ဖြစ်သော Porsche နှင့် Audi တို့သည် ဂျာမနီ၏ အခြားသော ဇိမ်ခံကားထုတ်လုပ်သူများဖြစ်ကြသည့် Mercedes-Benz နှင့် BMW တို့ကဲ့သို့ပင် စျေးကွက်ဖိအား များ မြင့်တက်လာလျက်ရှိနေပါသည်။

ဂျာမန်ကားထုတ်လုပ်သူများသည် အလျှော့ပေးသည့် နည်းဗျူဟာကိုသုံး၍ တရုတ်ကားစျေးကွက် ကို ဆယ်စုနှစ်များစွာ လွှမ်းမိုးခြယ်လှယ်ခဲ့သည်။ ၎င်းတို့ တီထွင်ဖန်တီးထားသည့် နည်းပညာသည် ကားဝယ်ယူသုံးစွဲသူများအတွက် အပိုကြေးဖြစ်ကြောင်း မိတ်ဆက်ပြီး၊ ၎င်းတို့၏ပြိုင်ဘက်များ အမီ လိုက်ရသည်အထိ ဈေးကောင်းကောင်းဖြင့် ဆက်လက်ရောင်းချခဲ့သည်။

ယခင်က ဂျာမန်ဇိမ်ခံကားများကို တရုတ်နိုင်ငံရှိ လူလတ်တန်းစားနှင့် အထက်တန်းစားများအတွက်ဟု စံသတ်မှတ်ခဲ့ကြပြီး တရုတ်နိုင်ငံမှ ပြည်တွင်းအမှတ်တံဆိပ်များသည် နည်းပညာအရ ခေတ် နောက်ကျ၍ အရည်အသွေးမကောင်းဟုသာ လူသိများကြပါသည်။

သို့သော် ယခုအချိန်တွင် တရုတ်နိုင်ငံမှ ထုတ်လုပ်သော မော်တော်ယာဉ်များသည် ခေတ်မီပြီး infotainment စနစ်များကဲ့သို့သော digital အင်္ဂါရပ်များကြောင့် လူကြိုက်များလာပါသည်။ ယင်းကြောင့်လည်း တရုတ်နိုင်ငံ၏ လူစည်ကားသော လမ်းမကြီးများတွင် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်နေရခြင်းမှာ အံ့သြစရာမဟုတ်တော့ပါ။ ကားများမှာ စတင်တည်ထောင် ထုတ်လုပ်စဉ်ကထက် ပိုမို သက်တောင့်သက်သာရှိလာကာ အရည်အသွေး ပိုမိုကောင်းမွန်လာသည်ဟု ဝယ်ယူသူ ဖောက်သည်များက ရှုမြင်ကြကြောင်း လေ့လာမှုအရ သိရှိရပါသည်။

ဂျာမနီနိုင်ငံ၏ မော်တော်ကားထုတ်လုပ်သည့်လုပ်ငန်းသည် လွန်ခဲ့သည့်နှစ်ပေါင်း (၂၀) အတွင်းက ဆောင်ရွက်ခဲ့သကဲ့သို့ ယခုအချိန်တွင် မဖြစ်နိုင်တော့ကြောင်းနှင့်  တရုတ်နိုင်ငံ၏ ကားထုတ်လုပ်မှု ကဏ္ဍတွင်လည်း တူညီသောအခန်းကဏ္ဍမှ ပါဝင်နိုင်ဖွယ်ရှိလိမ့်မည်မဟုတ်ကြောင်း Merics Institute မှ တရုတ်ကျွမ်းကျင်ပညာရှင် Gregor Sebastian က ပြောကြားခဲ့သည်။ တရုတ်နိုင်ငံမှ ထုတ်လုပ်သော တရုတ်ကားများကို ဝယ်ယူနေသူ ဖောက်သည်များ၏ အကြောင်းပြချက်တစ်ခုမှာ ထုတ်လုပ်သူများအနေဖြင့် နည်းပညာပိုင်းကို ၎င်းတို့၏ ရိုးရာကိုယ်ပိုင်အရည်အချင်းများဖြင့် အစား ထိုးထားခြင်းကြောင့် ဖြစ်ကြောင်း ၎င်းက DW သို့ ထပ်လောင်းပြောကြာခဲ့သည်။

တရုတ်နိုင်ငံရှိ ဘက်ထရီ- လျှပ်စစ်ကားအားလုံး၏ ၈၀ ရာခိုင်နှုန်းကို ပြည်တွင်းထုတ်လုပ်သူများထံ မှ ရရှိလာခြင်းမှာ အနည်းငယ် အံ့သြဖွယ်ရာဖြစ်ပါသည်။ Tesla အဆင့်မီ အရောင်းရဆုံး (၁၀) ဦး စာရင်းတွင် ဂျာမန် အမှတ်တံဆိပ်များ မည်သည့်အခန်းကဏ္ဍတွင်မှ ပါဝင်ခြင်းမရှိတော့ပါ။

လောင်စာအင်ဂျင်သုံး မော်တော်ကားများအပါအဝင် တရုတ်နိုင်ငံရှိ မော်တော်ကား ဈေးကွက်တစ်ခုလုံးတွင်  တရုတ်အမှတ်တံဆိပ်များက နိုင်ငံခြားမော်တော်ယာဉ် အမှတ်တံဆိပ်များကို  ကျော်လွန်၍ စျေးကွက်ရှယ်ယာ ၅၁ ရာခိုင်နှုန်းဖြင့် ယခုနှစ်၌ ပထမဆုံးအကြိမ် ရောင်းချရန် စီစဉ်ထားပါသည်။ ယင်းရှယ်ယာမှာ၂၀၃၀ ပြည့်နှစ်တွင် ၆၅ ရာခိုင်နှုန်းထိ တိုးလာမည်ဟု ခန့်မှန်းထားကြောင်း ၂၀၂၃ ခုနှစ်အတွက် Global Automotive Outlook အစီရင်ခံစာတွင် စီမံခန့်ခွဲမှုအတိုင်ပင်ခံများအဖွဲ့ ဖြစ်သော AlixPartners က ပြောကြားထားပါသည်။

ဥရောပနှင့်ပတ်သက်၍ အစီရင်ခံစာတွင် ဥရောပ၏ ကားရောင်းအားသည် ကပ်ရောဂါမဖြစ်ပွားမီ ကာလ၏ အဆင့်အောက် ၁၅ ရာခိုင်နှုန်းခန့် ဆက်လက်ကျဆင်းနေလိမ့်မည်ဟု ခန့်မှန်းထားပါသည်။ ထို့ပြင် အဆိုပါခန့်မှန်းချက်မှာ ရေရှည်အလားအလာဖြစ်နိုင်ကြောင်းနှင့် ဥရောပမှ ကား ထုတ်လုပ်သူများအတွက် ၎င်းတို့၏ ဒေသတွင်းဈေးကွက်များတွင် တရုတ်နိုင်ငံမှ လျှပ်စစ်ကား ထုတ်လုပ်သူများ၏ ဖိအားများလည်း ပိုမိုတိုးလာမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အံ့သြစရာကောင်းသည့်အချက်မှာ တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့မော်တော်ကား တင်ပို့ရောင်းချမှု၌ အဆင့် (၆) နေရာတွင် ရှိနေခဲ့ရာမှ ယခုနှစ် (၂၀၂၃  ခုနှစ်) ပထမသုံးလပတ်တွင် ဂျပန်နိုင်ငံကို ကျော်လွန်၍ ကမ္ဘာ့မော်တော်ကားတင်ပို့ရောင်းချမှုချန်ပီယံအဖြစ် အစားထိုးနေရာယူ နိုင်ခဲ့ခြင်းဖြစ်ပါသည်။  အာရှနိုင်ငံအနေဖြင့် မော်တော်ကားထုတ်လုပ်မှု၊ ရောင်းချမှု၊ ပြည်ပသို့တင်ပို့နိုင်မှုနှင့် ထုတ်လုပ်ရာနေရာများအဖြစ် တိုးတက်လာခဲ့ပြီ ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် မော်တော်ကားထုတ်လုပ်သည့်လောကတွင် အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာရန် လမ်းကြောင်းပေါ်တွင် ရှိနေပြီဖြစ်ကြောင်း  AlixPartners ၏ မော်တော်ကားကျွမ်းကျင်ပညာရှင်  Fabian Piontek က DW သို့ ပြောကြားခဲ့သည်။ ဥရောပမှ မော်တော်ကား ထုတ်လုပ်သူများသည် ဒေသတွင်း စျေးကွက်ခိုင်မာမှုကို  အကာအကွယ်ပေးနိုင်မည့် နည်းလမ်းများကို ပိုမိုရှာဖွေလာကြပါ သည်။ ဂျာမန်ကားထုတ်လုပ်သူများအတွက် စံချိန်တင် အမြတ်အစွန်းများ ရရှိခဲ့သည့် ခေတ်ကာလမှာ မကြာမီ ကုန်ဆုံးတော့မည်ဖြစ်ကြောင်း  Fabian က ကောက်ချက်ချခဲ့ပါသည်။

 

 

 

Source:   https://www.dw.com/en/electric-cars-chinese-carmakers-are-outpacing-german-giants/a-66444153

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: Germany