အမေရိကန်နိုင်ငံ၏ နိုင်ငံတကာ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်ရေး အချက်အလက် များကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့ စီးပွားရေးလေ့လာဆန်းစစ်မှုဗျူရို (Bureau of Economic Analysis) ၏ ဝက်ဘ်ဆိုက်တွင် “U.S International Trade in Goods and Services, June 2023” ခေါင်းစဉ်ဖြင့် ထုတ်ပြန် ဖော်ပြထားရှိပါသည်။
အဆိုပါဖော်ပြချက်အရ ၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း အမေရိကန်နိုင်ငံ၏ ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ (၆၅.၅) ဘီလီယံရှိပြီး မေလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ (၆၈.၃) ဘီလီယံရှိခဲ့သဖြင့် ဇွန်လနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ(၂.၈) ဘီလီယံအထိလျော့ကျသွားခဲ့ကြောင်း၊ အမေရိကန်နိုင်ငံ၏ ပို့ကုန် တင်ပို့မှုမှာ ဇွန်လတွင် အမေရိကန်ဒေါ်လာ (၂၄၇.၅) ဘီလီယံရှိပြီး မေလ၏ ပို့ကုန်တန်ဖိုးအောက် အမေရိကန်ဒေါ်လာ (၀.၃) ဘီလီယံ လျော့နည်းခဲ့ကြောင်း သိရှိရပါသည်။
သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃၁၃.၀) ဘီလီယံရှိသဖြင့် မေလ၏ သွင်းကုန်တန်ဖိုးအောက် အမေရိကန်ဒေါ်လာ (၃.၁) ဘီလီယံ လျော့နည်းခဲ့ပါကြောင်း၊ ဇွန်လအတွင်း ကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှု လိုငွေမှာ ကုန်စည်ကုန်သွယ်မှုလိုငွေအမေရိကန်ဒေါ်လာ (၂.၈) ဘီလီယံရှိခဲ့ သော်လည်း ဝန်ဆောင်မှု ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ (၀.၁) ဘီလီယံခန့်ရှိခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ် ကာလတူနှင့်နှိုင်းယှဉ်ပါက ဇွန်လအတွင်းကုန်စည်နှင့် ဝန်ဆောင်မှု ကုန်သွယ်မှုလိုငွေမှာ အမေရိကန်ဒေါ်လာ (၁၁၇.၇) ဘီလီယံ (သို့မဟုတ်) ၂၂.၃ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း တွေ့ရှိရ ပါသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ပြည်ပ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်သွယ်မှုပိုငွေပြခဲ့သည့် နိုင်ငံများမှာ အောက်ပါအတိုင်းဖြစ်ပါသည် -
|
စဉ် |
နိုင်ငံ/ ဒေသအမည် |
ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်) |
|
(က) |
နယ်သာလန် |
၄.၆ |
|
(ခ) |
တောင်နှင့်အလယ်ပိုင်းအမေရိက နိုင်ငံများ |
၄.၃ |
|
(ဂ) |
ဟောင်ကောင် |
၂.၆ |
|
(ဃ) |
ဘယ်လ်ဂျီယံ |
၁.၆ |
|
(င) |
ဩစတြေးလျ |
၁.၄ |
|
(စ) |
ဘရာဇီးလ် |
၀.၅ |
|
(ဆ) |
စင်ကာပူ |
၀.၂ |
|
(ဇ) |
ဆော်ဒီအာရေဗျ |
၀.၁ |
၂၀၂၃ ခုနှစ်၊ ဇွန်လကုန်သွယ်မှုစာရင်းများအရ အမေရိကန်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ ပြခဲ့သည့် နိုင်ငံများမှာအောက်ပါတို့ဖြစ်ပါသည် -
|
စဉ် |
နိုင်ငံ/ ဒေသအမည် |
ပမာဏ (အမေရိကန်ဒေါ်လာ ဘီလီယံဖြင့်) |
|
(က) |
တရုတ် |
၂၂.၈ |
|
(ခ) |
ဥရောပသမဂ္ဂ |
၁၈.၂ |
|
(ဂ) |
မက္ကဆီကို |
၁၂.၉ |
|
(ဃ) |
ဗီယက်နမ် |
၈.၆ |
|
(င) |
ဂျာမနီ |
၆.၇ |
|
(စ) |
အိုင်ယာလန် |
၆.၇ |
|
(ဆ) |
ဂျပန် |
၆.၁ |
|
(ဇ) |
တောင်ကိုရီးယား |
၅.၄ |
|
(ဈ) |
အီတလီ |
၄.၀ |
|
(ည) |
အိန္ဒိယ |
၃.၈ |
|
(ဋ) |
ကနေဒါ |
၃.၃ |
|
(ဌ) |
ထိုင်ဝမ် |
၃.၃ |
|
(ဍ) |
မလေးရှား |
၂.၃ |
|
(ဎ) |
ဆွစ်ဇာလန် |
၁.၅ |
|
(ဏ) |
ပြင်သစ် |
၁.၃ |
|
(တ) |
ဗြိတိန် |
၀.၈ |
|
(ထ) |
အစ္စရေး |
၀.၄ |
၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း ပို့ကုန်ကဏ္ဍရှိ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်မှုလိုငွေပြမှုမှာ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများ (Industrial Supplies and materials) တွင် အမေရိကန်ဒေါ်လာ (၀.၇) ဘီလီယံ၊ လူသုံးကုန်ပစ္စည်းများ (Consumer goods)တွင် အမေရိကန်ဒေါ်လာ (၀.၄) ဘီလီယံနှင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods)တွင် အမေရိကန်ဒေါ်လာ (၀.၈) ဘီလီယံစသည်ဖြင့် အသီးသီးရှိခဲ့ပြီး ဝန်ဆောင်မှုကုန်သွယ်ရေး၌ ပို့ဆောင်ရေးကဏ္ဍ (Transport) တွင် အမေရိကန် ဒေါ်လာ (၀.၂) ဘီလီယံ ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၃ ခုနှစ်၊ ဇွန်လအတွင်း သွင်းကုန်ကဏ္ဍရှိ ကုန်စည်နှင့်ဝန်ဆောင်မှုကုန်သွယ်မှု လိုငွေပြမှုမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ (Capital goods)တွင် အမေရိကန်ဒေါ်လာ (၂.၃) ဘီလီယံ၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများ (Industrial Supplies and materials) တွင် အမေရိကန်ဒေါ်လာ (၂.၂) ဘီလီယံ အထိသွင်းကုန်တန်ဖိုးကျဆင်းခဲ့သော်လည်း မော်တော်ယာဉ်၊ ဆက်စပ်အစိတ်အပိုင်းများနှင့် စက်ပစ္စည်းများ (Automotive Vehicles, parts and engines)တွင် အမေရိကန်ဒေါ်လာ (၁.၃) ဘီလီယံ နှင့် လူသုံးကုန်ပစ္စည်းများ (Consumer goods)တွင် အမေရိကန်ဒေါ်လာ (၀.၄) ဘီလီယံတွင် ပိုငွေပြခဲ့ပါသည်။
(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)