USA

အမေရိကန်နိုင်ငံ၏ ရေနံသန့်စင်စက်ရုံများ အသုံးပြုမှု လျော့နည်းခဲ့ခြင်းကြောင့် နိုင်ငံ၏ရေနံစိမ်း စာရင်းလက်ကျန် Inventory မြင့်တက်ခဲ့

Last Updated:

အမေရိကန်နိုင်ငံ၏ ရေနံသန့်စင်စက်ရုံများ အသုံးပြုမှု လျော့နည်းခဲ့ခြင်းကြောင့် နိုင်ငံ၏ ရေနံစိမ်း စာရင်းလက်ကျန် Inventory မြင့်တက်ခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၁၀-၄-၂၀၂၄ ရက်တွင် “U.S. Crude Oil Inventories Rise More Than Expected, Refinery Use Eases” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။    

အမေရိကန်နိုင်ငံ၏ ရေနံစိမ်းစာရင်းလက်ကျန် Inventory သည် ရေနံသန့်စင်စက်ရုံများ အသုံးပြုမှု လျော့ကျခဲ့သဖြင့် ယခင်ရက်သတ္တပတ်အတွင်း မျှော်မှန်းသည်ထက် မြင့်တက်ခဲ့သည်ဟု စွမ်းအင်သတင်းအချက်အလက်အုပ်ချုပ်ရေးဌာန (Energy Information Administration) မှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရှိရပါသည်။ နိုင်ငံ၏အရန်ထားရှိသည့် ရေနံပမာဏ (Strategic Petroleum Reserve) မပါဝင်ဘဲ ဈေးကွက်အတွင်း ရောင်းချသည့် ရေနံစိမ်းစာရင်း လက်ကျန်မှာ ၅-၄-၂၀၂၄ ရက်တွင် စည်ပေါင်း (၅.၈) သန်းမှ (၄၅၇.၃) သန်းအထိ မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် ယင်းသို့မြင့်တက်ခဲ့သည့် ပမာဏသည် ယခင် (၅) နှစ်တာကာလရှိ စာရင်းလက်ကျန်အောက် (၂) ရာခိုင်နှုန်း လျှော့နည်းခဲ့ကြောင်း၊ ထို့အပြင် လောင်စာဆီနှင့် distillate fuels စာရင်းလက်ကျန်မှာလည်း မျှော်မှန်းထားသလို လျော့ကျသွားခြင်းမရှိဘဲ မြင့်တက်ခဲ့သည်ဟု သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA