USA

၂၀၂၄ ခုနှစ်၊ မတ်လ စားသုံးသူဈေးဆနှုန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်

Last Updated:

၂၀၂၄ ခုနှစ်၊ မတ်လ စားသုံးသူဈေးဆနှုန်းနှင့် ပတ်သက်၍ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ထုတ်ပြန်ချက်ကို အမေရိကန်သမ္မတ အိမ်ဖြူတော်ဝက်ဘ်ဆိုက်၌ ၁၀-၄-၂၀၂၄ ရက်တွင် “Statement from President Joe Biden on the March Consumer Price Index” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၁၀-၄-၂၀၂၄ ရက်တွင် ထုတ်ပြန်သည့် စားသုံးသူဈေးဆနှုန်း အစီရင်ခံစာအရ အမေရိကန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် (၆၀) ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်း၊ သို့ရာတွင် အလုပ်ကြိုးစားသည့် အမေရိကန်နိုင်ငံသား မိသားစုများအတွက် ဈေးနှုန်းများ လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ နေ့စဉ်စားသောက်ကုန်များဖြစ်သည့် နို့နှင့်ကြက်ဥတို့၏ ဈေးနှုန်းမှာ ၂၀၂၃ ခုနှစ်အောက် လျော့ကျခဲ့သော်လည်း အိမ်ငှားခနှင့် စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းသည် မြင့်မားနေဆဲဖြစ်ကြောင်း၊ ထို့ကြောင့် အစိုးရအနေဖြင့် နေအိမ် (၂) သန်းခန့် ပြင်ဆင်/ တည်ဆောက်သွားမည်ဖြစ်ပြီး စားသောက်ကုန် လက္ကားရောင်းချသည့် လုပ်ငန်းကြီးများကိုလည်း ဈေးနှုန်းများလျှော့ချရန် ပြောကြားသွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ငွေကြေးဖောင်းပွမှု တိုက်ဖျက်ရေးသည် အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ဦးစားပေးလုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး လက်ရှိတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါမတိုင်မီကာလထက် လုပ်ခလစာ တိုးလာခဲ့ပြီး နှစ်ပေါင်း (၅၀) အတွင်း အလုပ်လက်မဲ့နှုန်းသည် (၄) ရာခိုင်နှုန်းအောက်တွင် အချိန် အကြာဆုံးရှိနေခဲ့ပါကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစရိတ်၊ ဆေးဝါးစရိတ်၊ ကျောင်းသား ချေးငွေနှင့် မလိုလားအပ်ဘဲ ပေးနေရသည့် အခကြေးငွေ (Hidden Junk fees) တို့ကို လျှော့ချနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA