Phillippines

၂၀၂၃ ခုနှစ်မတ်လတွင် ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၄.၉၃ ဘီလီယံရှိ

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြမှုမှာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် မြင့်တက်လာကြောင်း Philippines Statistics Authority (PSA) စာရင်းများအရသိရှိရပါသည်။ ၉-၅-၂၀၂၃ ရက်စွဲပါ အချက်အလက်များအရ ကုန်သွယ်မှုလိုငွေပြမှုမှာ အမေရိကန်ဒေါ်လာ ၄.၉၃ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၄.၅၉ ဘီလီယံသာရှိသဖြင့် ကုန်သွယ်မှုလိုငွေပြမှုမှာမြင့်တက်လာခဲ့ပြီး ၂၀၂၂ ဖေဖော်ဝါရီလက အမေရိကန်ဒေါ်လာ ၃.၉၁ ဘီလီယံ ဖြစ်သောကြောင့် ကွာဟမှုရှိကြောင်း ဖော်ပြပါ ရှိပါသည်။

တိုင်းပြည်၏စုစုပေါင်းပို့ကုန်ရောင်းရငွေမှာ ၂၀၂၃ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၆.၅၃ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ အီလက်ထရောနစ်ပစ္စည်းများတင်ပို့မှုမှာ တစ်နှစ်ထက်တစ်နှစ်ထက် ကျဆင်းလာခဲ့ပြီး အမေရိကန်ဒေါ်လာ  ၃.၉၆ ဘီလီယံရှိရာမှ ၂၀၂၃ ခုနှစ်၊ မတ်လတွင်  အမေရိကန်ဒေါ်လာ ၃.၄၉ ဘီလီယံထိ လျော့ကျခဲ့ပါသည်။ အလားတူအုန်းဆီ(စားသုံးဆီ) တင်ပို့မှု အမေရိကန်ဒေါ်လာ ၅၁.၈၂ သန်းနှင့် ခရီးဆောင်အိတ်နှင့် လက်ကိုင်အိတ်များတင်ပို့မှုမှာလည်း အမေရိကန်ဒေါ်လာ ၃၄.၆၉ သန်းထိကျဆင်းခဲ့ပါသည်။

ဖိလစ်ပိုင်ပို့ကုန်များအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံသို့တင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံရှိပြီး စုစုပေါင်းပို့ကုန်တန်ဖိုး၏ ၂၁.၈ ရာခိုင်နှုန်းရှိပါသည်။

စုစုပေါင်းသွင်းကုန် တန်ဖိုးမှာ ၂၀၂၃ ခုနှစ်၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၁၁.၄၆ ဘီလီယံရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလက အမေရိကန်ဒေါ်လာ ၁၁.၇၇ဘီလီယံရရှိခဲ့သဖြင့် နှိုင်းယှဉ်ပါက ၂.၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါသည်။ သို့ရာတွင်သွင်းကုန်တန်ဖိုးမှာ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်ဒေါ်လာ ၈.၉၈ ဘီလီယံရှိရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ မတ်လတွင် သွင်းကုန်ပမာဏမှာ အုပ်စုအလိုက်ကျဆင်းခဲ့ပြီး စက်သုံးဆီနှင့်ချောဆီအုပ်စုတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၅၁၉.၂၈ သန်း၊ အီလက်ထရောနစ်ပစ္စည်းတင်သွင်းမှုတွင် အမေရိကန်ဒေါ်လာ ၄၁၅.၂၉ သန်းနှင့် ဆေးနှင့်ဆေးဝါးပစ္စည်း အုပ်စုတွင် အမေရိကန်ဒေါ်လာ ၂၂၁.၀၁ သန်းထိ အသီးသီးကျဆင်းခဲ့ပါသည်။

ဖိလစ်ပိုင်သွင်းကုန်များအတွက် အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံမှတင်သွင်းမှုမှာ အမေရိကန်ဒေါ်လာ ၂.၅၇ ဘီလီယံရှိပြီး စုစုပေါင်းသွင်းကုန်တန်ဖိုး၏ ၂၂.၄ရာခိုင်နှုန်းရှိကြောင်း၊ တိုင်းပြည်၏ ကုန်သွယ်မှုလိုငွေပြငွေမှာ၂၀၂၃ ခုနှစ်၊မတ်လတွင် အမေရိကန်ဒေါ်လာ ၁၄.၅၈ ဘီလီယံ ရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၃.၀၈ ဘီလီယံရှိရာမှ တိုးမြင့်လာခြင်းဖြစ်ကြောင်း၊ ပို့ကုန်တင်ပို့မှုမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလမှ မတ်လကာလအတွင်း အမေရိကန်ဒေါ်လာ ၁၆.၈၆ ဘီလီယံ ရှိပြီး ၂၀၂၂ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၉.၄၃ ဘီလီယံရှိသည့်အတွက် နှိုင်းယှဉ်ပါက ၁၃.၂ရာခိုင်နှုန်းကျဆင်းခဲ့ပါကြောင်း၊ အလားတူသွင်းကုန်တင်သွင်းမှုမှာလည်း အမေရိကန်ဒေါ်လာ ၃၁.၄၄ ဘီလီယံရှိပြီး အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၃၂.၅၁ဘီလီယံရှိသဖြင့် နှိုင်းယှဉ်ပါက ၃.၃ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပါသည်။

လာမည့်ကာလများတွင် အမေရိကန်စီးပွားရေးကျဆင်းနေမှု၏ ရိုက်ခတ်မှုကြောင့် ပို့ကုန်တင်ပို့မှုတွင် အခက်အခဲများကြုံတွေ့နိုင်သော်လည်း အဓိကသွင်းကုန်ပစ္စည်းများနှင့် စက်သုံးဆီတင်သွင်းမှုတွင် ဖြေလျှော့မှုများရှိနိုင်ကြောင်း Rizal Commercial Banking Corp ၏ စီးပွားရေးအကြံပေးအရာရှိမှ ပြောကြားခဲ့ပါသည်။

ကမ္ဘာလုံးဆိုင်ရာ ကုန်စည်ဈေးနှုန်းများဖြစ်သည့် သဘာဝဓာတ်ငွေ့၊ ကျောက်မီးသွေး၊ ဂျုံ၊ ပဲပိစပ်၊ သံ၊ စတီး၊ ကြေးနီ၊ နီကယ်သတ္ထု ဈေးနှုန်းများ အပြောင်းအလဲရှိပါက တိုင်းပြည်၏သွင်းကုန်တန်ဖိုးအား လျှော့ချပေးနိုင်ပြီး ကုန်သွယ်မှုလိုငွေပြငွေနှင့် ငွေကြေးဖောင်းပွမှုနှုန်းတို့အား လျော့ကျစေနိုင်မည်ဖြစ်ကြောင်း‌ ဖော်ပြပါရှိပါသည်။

 

 

 

(စီးပွားရေးသံမှူး၊ ဖိလစ်ပိုင်)

Source: https://www.philstar.com/business/2023/05/10/2265060/trade-deficit-widens-493-billion-march

Category: Phillippines