China (Kunming)

တရုတ်နိုင်ငံသည် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို ထုတ်ပြန်

Last Updated:

တရုတ်နိုင်ငံဝန်ကြီးချုပ် H.E Li Qiang သည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုရန်ပုံငွေများကို ကြီးကြပ်ကွပ်ကဲခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတစ်ရပ်ပါဝင်သည့် နိုင်ငံတော်ကော်စီ၏ အမိန်တစ်ရပ်ကို တနင်္ဂနွေနေ့က လက်မှတ်ရေးထိုးခဲ့သည်။

အခန်းပေါင်း (၇) ခန်း၊ ပုဒ်မပေါင်း (၆၂) ခုပါဝင်သည့် အဆိုပါစည်းမျဉ်းစည်းကမ်းသည် လာမည့် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်ကြောင်း နိုင်ငံတော်ကောင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ စည်းမျဉ်းစည်းကမ်းသည် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ လုပ်ငန်းနယ်ပယ်၏ စံချိန်စံညွှန်းပြည့်မီ၍ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်မှုကိုအားပေးရန်၊ ရင်းနှီးမြှုပ်နှံသူများ၏ တရားဝင်အခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပိုမိုကာကွယ်နိုင်ရန်၊ စစ်မှန်သောစီးပွားရေးကို ဖော်ဆောင်ခြင်း၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုများကို မြှင့်တင်ခြင်းတို့၌ အရေးပါသောအခန်းကဏ္ဍတစ်ခုဖြစ်လာမည့် လုပ်ငန်းများကို တွန်းအားပေးရန် ရည်ရွယ်ပါသည်။

အဆိုပါစည်းမျဉ်းတွင် တင်သွင်းရမည့်လျှောက်လွှာကို ရှင်းလင်းစွာဖော်ပြထားသည်။ ပုဂ္ဂလိကရန်ပုံငွေကိုင်တွယ်မည့် မန်နေဂျာများနှင့် စောင့်ကြပ်သူများအတွက် တာဝန်ဝတ္တရားများနှင့် လိုအပ်ချက်များကို သတ်မှတ်ပေးထားသည်။ ရန်ပုံငွေရှာဖွေခြင်းနှင့် ရင်နှီးမြှုပ်နှံခြင်း လုပ်ငန်းများအတွက် စည်းမျည်းစည်းကမ်းများ သတ်မှတ်ပေးထားသည်။ အကျိုးတူအရင်းအနှီး ရန်ပုံငွေများအတွက် အထူးပြဌာန်းချက်များ သတ်မှတ်ပေးထားသည်။ ဥပဒေကြောင်းအရ တာဝန်ယူမှုရှိခြင်းကဲ့သို့သော ကြီးကြပ်ကွပ်ကဲမှုနှင့် စီမံခန့်ခွဲမှုတို့ကို အားကောင်းစေရန် ပြင်ဆင်ပေးထားသည်။

Source: https://news.cgtn.com/news/2023-07-09/China-unveils-regulation-on-private-investment-funds-1liNqL7bF0A/index.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)