China (Kunming)

၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၌ မှတ်ပုံတင်ထားသော စွမ်းအင်သစ်ယာဉ် (NEVs) သုံးသန်းကျော်ရှိ

Last Updated:

တရုတ်နိုင်ငံသည် ယခုနှစ် ပထမနှစ်ဝက်တွင် စွမ်းအင်သစ်ယာဉ် (New Energy Vehicles – NEVs) အစီးရေ ၃ ဒသမ ၁၃ သန်းခန့် မှတ်ပုံတင်ပေးခဲ့သဖြင့် တစ်နှစ်ထက်တစ်နှစ် ၄၁ ဒသမ ၆ ရာခိုင်နှုန်း မြှင့်တက်လာကာ စံချိန်တင်ခဲ့ကြောင်း ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ စနေနေ့ကထုတ်ပြန်သည့် စာရင်းများအရ သိရသည်။

၂၀၂၃ ခုနှစ် ဇွန်လအထိ နိုင်ငံအတွင်း မှတ်ပုံတင်ထားသည့် NEVs အရေအတွက်မှာ စုစုပေါင်း ၁၆ ဒသမ ၂ သန်းအထိ ရှိလာခဲ့သဖြင့် စုစုပေါင်းမော်တော်ကားအရေအတွက်၏ ၄ ဒသမ ၉ ရာခိုင်နှုန်းအထိ ရှိလာပြီးဖြစ်သည်။

စာရင်းဇယားများအရ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံသည် မော်တော်ယာဉ်အစီးရေ ၁၆ ဒသမ ၈၈ သန်းကို မှတ်ပုံတင်ပေးခဲ့သဖြင့် ဇွန်လကုန်တွင် တစ်နိုင်ငံလုံး မော်တော်ယာဉ် ပိုင်ဆိုင်မှုမှာ အစီးရေး ၄၂၆ သန်းအထိ ရှိလာခဲ့သည်။ အသစ်မှတ်ပုံထားသည့် မော်တော်ယာဉ်များအနက် အစီးရေ ၁၁ ဒသမ ၇၅ သန်းမှာ အိမ်စီးကားများဖြစ်သည်။ နိုင်ငံအတွက် ကားအစီးရေ စုစုပေါင်း ၃၂၈ သန်းအထိ တိုးတက်လာခဲ့သည်။

ဇွန်လကုန်အထိ လိုင်စင်ရမော်တော်ယာဉ်မောင်းသူ ဦးရေမှာ ၅၁၃ သန်းရှိပြီး ၎င်းတို့ အနက် ၄၇၅ သန်းမှာ အိမ်စီးကားမောင်းသူများဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ၂၀၂၃ ခုနှစ် ပထမနှစ်ဝက်တွင် လူဦးရေ ၁၁ ဒသမ ၉၁ သန်းသည် ၎င်းတို့ယာဉ်မောင်းလိုင်စင်များ ပိုင်ဆိုင်နိုင်ခဲ့ကြသည်။

ဇွန်လကုန်တွင် တရုတ်နိုင်ငံရှိ မြို့ကြီး ၈၈ မြို့တို့တွင် တစ်မြို့စီ၌ ကားအစီးရေ ၁ သန်းကျော် ပိုင်ဆိုင်ထားကြပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက (၇) မြို့ ပိုမိုလာသည်ကို တွေ့ရှိရသည်။ ပေကျင်းမြို့နှင့် ချန်ဒူးမြို့တို့တွင် ကားအစီးရေ ၆ သန်းကျော်ရှိကြကြောင်း တွေ့ရှိရသည်။ 

Source: http://en.people.cn/n3/2023/0710/c90000-20041856.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)