China (Kunming)

ဇွန်လတွင် တရုတ်နိုင်ငံ၏ e-commerce ထောက်ပံ့ပို့ဆောင်ရေးညွှန်းကိန်း မြှင့်တက်လာ

Last Updated:

တရုတ်နိုင်ငံ၏ e-commerce ထောက်ပံ့ပို့ဆောင်ရေးညွှန်းကိန်သည် ၂၀၂၃ ခုနှစ် ဇွန်လ အထိ ခြောက်လဆက်တိုက် မြှင့်တက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းဆိုင်ရာ အချက်အလက်များက ဖော်ပြနေသည်။

ပြီးခဲ့သည့်လတွင် e-commerce ထောက်ပံ့ပို့ဆောင်ရေး ဆောင်ရွက်မှုများအခြေခံသည့် ညွှန်းကိန်းမှာ မေလအဆင့် မှ ၁ ဒသမ ၁ မှတ်မြှင့်တက်လာခဲ့သဖြင့် အဆင့် ၁၁၀ ဒသမ ၆ မှတ် အထိ ဖြစ်လာပါကြောင်း China Federation of Logistic and Purchasing နှင့် e-commerce ကုမ္ပဏီကြီးဖြစ်သည့် JD.com တို့ ပူးပေါင်းပြုလုပ်သည့် စစ်တမ်းများအရ သိရသည်။

အထူးသဖြင့် e-commerce ထောက်ပံ့ပို့ဆောင်ရေး လုပ်ငန်းတစ်ခုလုံးအတွက် ညွှန်းကိန်းမှာ တစ်လထက်တစ်လ ၂ ဒသမ ၃ မှတ် မြှင့်တက်လာပြီး ကျေးလက်စီးပွားရေးတစ်ခုလုံးအတွက် ညွှန်းကိန်းမှာ ယခင်လထက် ၃ ဒသမ ၃ မှတ် မြှင့်တက်ခဲ့ကြောင်း စစ်တမ်းများအရ သိရသည်။

သက်ဆိုင်ရာစားသုံးမှုမြှင့်တင်ရေး မူဝါဒများနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး ဆောင်ရွက်ချက်များကြောင့် ဝယ်လိုအားနှင့် ရောင်းလိုအား နှစ်ဖက်စလုံးတွင် တည်ငြိမ်စွာတိုးတက်လာခဲ့ကြောင်း မှတ်တမ်းတင်နိုင်ခဲ့ပါသည်။

Source: http://en.people.cn/n3/2023/0710/c90000-20041909.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)