Thailand

ယခုနှစ် ပထမ ၅ လအတွင်း ထိုင်းနိုင်ငံ၏ သစ်သီးတင်ပို့မှု အခြေအနေ ကောင်းမွန်ခဲ့

Last Updated:

တရုတ်နိုင်ငံတွင် ထိုင်းသစ်သီးများ လူကြိုက်များနေဆဲဖြစ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်များသည် သစ်သီးများ တင်ပို့မှုဖြင့် FTA ခံစားခွင့်များ ရရှိနေကြပါကြောင်း၊ အထူးသဖြင့် နွေရာသီတွင် ဒူးရင်းသီး၊ မာလကာသီး၊ သရက်သီးနှင့် မင်းဂွတ်သီး တို့ဖြစ်ကြောင်း၊ အာဆီယံ-တရုတ် FTA ခံစားခွင့်ရရှိထားမှုမှာ အမေရိကန်ဒေါ်လာ ၃.၃ ဘီလီယံဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာန Mr. Rannarong Phoolpipat က ပြောကြားခဲ့ပါသည်။

အုန်းသီးထုတ်ကုန်များ (အခွံများအပါ) သည်လည်း မှတ်ပုံတင်ထားပြီးဖြစ်ကြောင်း၊ အုန်းသီးထုတ်ကုန်များ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၈၈ သန်း FTA ခံစားခွင့်ရရှိပါကြောင်း၊ တရုတ်သည် ထိုင်းအုန်းသီး တင်သွင်းမှုတွင် နံပါတ် ၁ ဖြစ်ကြောင်း၊ တင်သွင်းသည့် အုန်းသီးစုစုပေါင်း သွင်းကုန်  ပမာဏ၏ ၅၄.၈ ရာခိုင်နှုန်းသည် ထိုင်းမှဖြစ်ကြောင်း၊ ဈေးကွက်ခွဲဝေရရှိမှု ၈၀ ရာခိုင်နှုန်းဖြစ်ကြောင်း ၎င်းက ရှင်းလင်းပြောကြားခဲ့ပါသည်။

ယခုနှစ်အတွင်း တရုတ်နိုင်ငံသို့ ထိုင်း သစ်သီး လတ်လတ်ဆတ်ဆတ်များ တင်ပို့မှုသည် ၁၀ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ကုန်လမ်းပို့ဆောင်ရေး ပိုမိုကောင်းမွန်လာသဖြင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု လွယ်ကူ‌ချောမွေ့လာခဲ့ခြင်းကြောင့် ဖြစ်ပါကြောင်း၊ သစ်သီး တင်ပို့နိုင်မှု တန် ၂.၅ သန်းခန့်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၅.၅၉ ဘီလီယံဖြစ်ကြောင်း၊ ယခင်နှစ်က ကုန်းလမ်းတွင် လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကြောင့် ရေလမ်းကိုသာ အသုံးပြုခဲ့ရသဖြင့် သစ်သီး တန်ချိန် ၂.၂၅ သန်းသာ ပို့နိုင်ခဲ့ပါကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားချက်အရ သိရှိရပါသည်။

ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ အုန်းသီးတင်ပို့နေမှုသည် အလားအလာကောင်းပါကြောင်း သုံးသပ်မိပါသည်။ မြန်မာ နိုင်ငံတွင်လည်း အုန်းသီးစိုက်ပျိုးထုတ်လုပ်ရန် စီမံချက်ကို စတင်ဆောင်ရွက်နေပြီဖြစ်သဖြင့် ထိုင်းနိုင်ငံ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်တင်ပို့မှုတို့နှင့် စပ်လျဉ်း၍  လာရောက်လေ့လာရန် အလားအလာကောင်းများရှိပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့)

Category: Thailand