Korea

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ပထမ (၁၀) ရက်အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၁၅.၃ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လတို့တွင် တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှုဝင်ငွေသည် သွင်းကုန်တင်သွင်းမှုအတွက် ကုန်ကျငွေထက်မြင့်မားခဲ့ပြီး ကုန်သွယ်မှုပိုငွေပြခဲ့သော်လည်း ၂၀၂၃ ခုနှစ်၊ ဩဂုတ်လပထမ (၁၀) ရက်အတွင်း နိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလ ကတင်ပို့မှုဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ၁၅.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည့်အပြင် သွင်းကုန်တင်သွင်းမှု ထက်လည်း လျော့နည်းနေသည်ဟု ကိုရီးယားအကောက်ခွန် ဝန်ဆောင်မှုဌာန (Korea Customs Service) ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၁၀ ရက်နေ့အထိကာလအတွင်း ပြည်ပသို့တင်ပို့မှု ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၁၃.၂ ဘီလီယံသာရှိရာ  ယခင်နှစ်အလားတူကာလ တင်ပို့မှုဝင်ငွေ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၁၅.၆ ဘီလီယံထက်လျော့နည်းနေပါသည်။ ပို့ကုန်သာမက သွင်းကုန်တင်သွင်းမှုပမာဏသည်လည်း အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံသာရှိခဲ့ရာ ယခင်နှစ်အလား တူကာလက တင်သွင်းမှုပမာဏထက် ၃၀.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ သွင်းကုန်တင်သွင်းမှု ပမာဏကျဆင်းလာသော်လည်း ပို့ကုန်တင်ပို့မှုဝင်ငွေထက် အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ပိုမိုနေသဖြင့် ကုန်သွယ်မှုလိုငွေပြနေကြောင်း ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှုဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပြည်ပမှဝယ်လိုအားကျဆင်းနေသည့်အတွက် နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ ၁၀ လဆက်တိုက်ကျဆင်းခဲ့ပြီး ဖြစ်ပါသည်။

 

 

 


Source; https://www.koreatimes.co.kr/www/biz/2023/08/488_356826.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea