Thailand

ထိုင်းနိုင်ငံ၌ စက်တင်ဘာလအတွင်း စားသုံးသူယုံကြည်မှုညွှန်ကိန်း (Consumer Confidence Index-CCI) မြင့်တက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ အစိုးရ၏ ပိုမိုရှင်းလင်းသော မူဝါဒများကို တွေ့မြင်ပြီးနောက် စားသုံးသူများ၏ ယုံကြည်မှုညွှန်ကိန်းသည် စက်တင်ဘာလတွင်း မြင့်တက်လျက်ရှိပါကြောင်း၊ သို့သော် ကမ္ဘာ့စီးပွားရေးအလားအလာအပေါ် စိုးရိမ်ပူပန်မှုရှိနေပါကြောင်း၊ ဇူလိုင်လတွင် ၅၅.၆ နှင့် ဩဂုတ်လတွင် ၅၆.၉ စသည်ဖြင့် ညွှန်ကိန်းတန်ဖိုးများ အသီးသီးရှိခဲ့သော်လည်း စက်တင်ဘာလတွင် ညွှန်ကိန်းတန်ဖိုးသည် ၅၈.၇ သို့ မြင့်တက်လာပါကြောင်း The University of the Thai Chamber of Commerce က ထုတ် ပြန်ထားချက်အရ သိရှိရပါသည်။

စားသုံးသူများအနေဖြင့် အစိုးရသစ်ပြန်လည်ဖွဲ့စည်းခဲ့ပြီး မူဝါဒများတည်ငြိမ်လာသဖြင့် ယုံကြည်မှုပြန်လည်ရရှိလာခဲ့ပါကြောင်း၊ အစိုးရ၏ မူဝါဒများအပေါ် အကောင်အထည်ဖော်မှုကို အရှိန်မြှင့် တင်ပါက ယုံကြည်မှုလည်း တိုးတက်လာမည် ဖြစ်ကြောင်း၊ ယုံကြည်မှုတိုးတက်လာသည်ဟု ဆိုသော် ငြားလည်း ညွှန်ကိန်းတန်ဖိုးမှာ ၁၀၀ အောက် နည်းနေသေးကြောင်း၊ စီးပွားရေးအလုံးစုံ ပြန်လည်ကောင်းမွန်မှုနှေးကွေးနေခြင်း၊ နေထိုင်မှုကုန်ကျစရိတ်မြင့်မားနေခြင်းနှင့် ပြည်တွင်း/ပြည်ပ အတိုးနှုန်းများ မြင့်မားနေခြင်းတို့ကို ညွှန်ပြနေပါကြောင်း၊ အဆိုပါ အချက်များသည် စားသုံးသူ အသုံးစရိတ်၊ ခရီးသွားကဏ္ဍ၊ ပို့ကုန်များ၊ စီးပွားရေးလုပ်ငန်းများနှင့် အလုပ်အကိုင်ငှားရမ်းခြင်းတို့အပေါ် သက်ရောက်မှုရှိပါကြောင်း The University of the Thai Chamber of Commerce ၏ ဥက္ကဋ္ဌဖြစ်သူ Mr. Thanavath Phonvichai က သုံးသပ်ထားပါသည်။

အလုံးစုံခြုံငုံကြည့်ပါက နိုင်ငံအများစုတွင် စားသုံးသူများသည် ကမ္ဘာ့စီးပွားရေးနှေးကွေးနေမှု၊ ငွေကြေးဖောင်းပွမှုဖြစ်စေနိုင်သည့် အတိုးနှုန်းမြင့်မားမှုအပေါ် စိုးရိမ်ပူပန်နေကြပါကြောင်း၊ ကမ္ဘာ့စီးပွားရေးနှေးကွေးမှုအပေါ် ပြန်လည်သက်ရောက်မှုဖြစ်နိုင်ပါကြောင်း၊ ပို့ကုန်အပေါ် အနုတ်လက္ခဏာ သက်ရောက်ပါကြောင်း၊ ယင်းကာလအတွင်း ပို့ကုန်ကျဆင်းနိုင်ကြောင်း၊ ပြည်သူများ၏ ဝယ်ယူမှုစွမ်းအားအပေါ် အနုတ်လက္ခဏာပြနေပါကြောင်း၊ စီးပွားရေးလုပ်ငန်းများသည် ကဏ္ဍတိုင်းလိုလိုတွင် တိုးတက်မှုရှိနေသည်ဟု ခန့်မှန်းထားသော်လည်း ပို့ကုန်ပေါ်တွင် မှီခိုနေရသော အချို့ကဏ္ဍများသည် ကမ္ဘာ့စီးပွားရေးပြန်လည်ကောင်းမွန်မှု မသေချာသေးသည့်အပေါ် စိုးရိမ်နေကြပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ဘတ် ၁၀,၀၀၀ ဒီဂျစ်တယ်ပိုက်ဆံအိတ် (Digital Wallet) နှင့် အနည်းဆုံးလုပ်ခလစာ တိုးမြှင့်မည့် အစိုးရ၏ မရှင်းလင်းသေးသော မူဝါဒအပေါ်လုပ်ငန်းရှင်များက စိုးရိမ်နေကြပါကြောင်း၊ ယင်းမူဝါဒများပြောင်းလဲမှုသည် ထုတ်လုပ်မှုကုန်ကျစရိတ်အပေါ် သက်ရောက်မှုရှိနိုင်ပါကြောင်း Mr. Tha-navath Phonvichai က ဖြည့်စွက်ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand