Vietnam

ဗီယက်နမ်နိုင်ငံတွင် လတ်တလောပြုပြင်ပြောင်းလဲမှုများကြောင့် စက်သုံးဆီဈေးနှုန်းများကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၇ ရက်က နောက်ဆုံးညှိနှိုင်းချက်ဖြင့် ဓာတ်ဆီ လက်လီဈေးကို ပြန်လည်ပြင်ဆင်ခဲ့သည်။ RON 95-III နှင့် E5 RON 92 အတွက် စျေးနှုန်းများကို တစ်လီတာလျှင် ၂၂,၃၂၂ VND နှင့်  ၂၁,၂၉၀ VND သို့ လျှော့ချခဲ့ကြောင်း သိရှိရပါသည်။ 

တစ်ချိန်တည်းတွင် ဒီဇယ်၊ ရေနံဆီနှင့် mazut ဈေးနှုန်းများအား တစ်လီတာ (သို့) တစ်ကီလိုဂရမ်လျှင် ၁၉,၇၂၁ VND, ၂၀,၉၂၂ VND နှင့် ၁၅,၅၂၇ VND သို့ အသီးသီး လျှော့ချခဲ့သည်။ ထိုသို့လျှော့ချရန်အတွက် ဝန်ကြီးဌာနများသည် ဓာတ်ဆီနှင့် ဆီဈေးနှုန်း တည်ငြိမ်ရေးရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့သည်။

ယခုနှစ်အစပိုင်းမှစတင်၍ ဓာတ်ဆီဈေးနှုန်းသည် ၃၅ ကြိမ် ချိန်ညှိမှုပြုလုပ်ခဲ့ပြီး ၁၈ ကြိမ် ဈေးနှုန်းတက်ပြီး၊ ၁၃ ကြိမ်ဈေးနှုန်းကျဆင်းကာ ၄ ကြိမ်ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း ဖော်ပြထားပါသည်။

ဈေးနှုန်းချိန်ညှိမှုများသည် ပြည်တွင်းစက်သုံးဆီနှင့် သဘာဝဓာတ်ငွေ့စျေးနှုန်းများကို ခေတ်ရေစီး ကြောင်းနှင့် အညီချိန်ညှိရန်၊ ဇီဝလောင်စာအသုံးပြုမှုကို မြှင့်တင်ရန်နှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု၊ ထုတ်လုပ်မှုနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဆိုးကျိုးသက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source : https://en.nhandan.vn/petrol-prices-down-in-latest-adjustment-post

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam