China (HongKong)

Article 23 ကို စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများမှ ထောက်ခံ

Last Updated:

ဟောင်ကောင်ဒေသ၏ အခြေခံဥပဒေ (Basic Law) ၏ အပိုဒ် ၂၃ (Article 23) အောက်မှ အမျိုးသားလုံခြုံရေး ဥပဒေကို ဟောင်ကောင်ဒေသရှိ စီးပွားရေးလုပ်ငန်းရှင်များ အဖွဲ့အစည်းများမှ ထောက်ခံကြောင်း ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် “Business groups back Article 23 bill” ခေါင်းစဉ်ဖြင့်ရေးသား ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် Article 23 သည် ရှင်းရှင်းလင်းလင်း အဓိပ္ပာယ်ဖွင့်ဆိုထားပြီး သင့်လျော်သည့် ကင်းလွတ်ခွင့်များပါဝင်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို ဖြေရှင်းပြီးဖြစ်သည်ဟု Hong Kong General Chamber of Commerce (HKGCC) က ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရေးသားဖော်ပြထားပါသည်။

Article 23 သည် တရုတ်ပြည်မနှင့် အာရှပစိဖိတ်ဒေသတို့တွင်‌ ဈေးကွက်ရှာဖွေမည့် ပြည်ပရင်းနှီး မြှုပ်နှံမှုများအတွက် ဟောင်ကောင်ဒေသသည် အကောင်းဆုံးရွေးချယ်ရာဒေသ ဖြစ်လာမည်ဟု Chinese General Chamber of Commerce ဥက္ကဋ္ဌ ဖြစ်သူ Jonathan Choi က ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အလားတူ တရုတ်ကုန်ထုတ်လုပ်သူများအသင်းမှလည်း ဥပဒေသစ်ကို ကြိုဆိုခဲ့ပြီး အဆိုပါ ပြဌာန်းချက်ကြောင့် အမျိုးသားလုံခြုံရေးကို ထိပါးနိုင်သည့် ဆောင်ရွက်ချက်များကို ကာကွယ်ထိန်းသိမ်းပြီး အပြစ်ပေးနိုင်မည်ဖြစ်သကဲ့သို့ ဥပဒေနှင့် မညီညွတ်သည့် ကူးသန်းရောင်းဝယ်မှုများ၊ နိုင်ငံတကာလဲလှယ်မှုများကို တားဖြစ်နိုင်မည် ဖြစ်သောကြောင့် ဟောင်ကောင်ဒေသအနေဖြင့် 'super-connector' အဖြစ် ဆက်လက်ရပ်တည်နေမည်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အိမ်ခြံမြေဆောက်လုပ်ရေးလုပ်ငန်းရှင်များအဖွဲ့ (Real Estate Developers Association) မှလည်း ဥပဒေပြဌာန်းချက်သည် ဟောင်ကောင်ဒေသအနေဖြင့် အမျိုးသားလုံခြုံရေးကို ကာကွယ်စောင့် ရှောက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေးအပ်သည့်တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၏ အရေးသည့် လုပ်ဆောင်ချက်ဖြစ်သည်ဟု ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး, ဟောင်ကောင်မြို့)

Category: China (HongKong)