Thailand

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သည်များအသင်း ဥက္ကဋ္ဌတို့၏ ဆော်ဒီခရီးစဉ်တွင် သဘော တူညီချက်အသစ်များ လက်မှတ်ရေးထိုးခဲ့

Last Updated:

ထိုင်းနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား ဆက်ဆံရေးသည် သဘောတူညီချက်များစွာကို ဆွေးနွေးနေဆဲဖြစ်ပြီး ကောင်းမွန်လျက်ရှိကြောင်း ကုန်သည်များအသင်း၏ ဥက္ကဋ္ဌ Mr.Sanan Angubolkul က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးနှင့် ကုန်သည်များအသင်း ဥက္ကဋ္ဌတို့ ဇွန် ၆ ရက်နေ့မှ ၉ ရက်နေ့ အတွင်း ဆော်ဒီအာရေဗျသို့ သွားရောက်နေသည့် ခရီးစဉ်တွင် PTT Oil and Retail Business Plc (OR) သည် ဆော်ဒီအာရေဗျ၌ ထိုင်းပုံစံ Facility များဖြင့် ‌ဓာတ်ဆီအရောင်းဆိုင် ဖွင့်လှစ်ရန် စီစဉ်နေပါကြောင်း၊ ၎င်းအပြင် OR သည် ထိုင်းနိုင်ငံအတွင်းတွင် စက်မှုဇုန်များစွာ၏ ဗဟိုထောက်ပံ့ရေးနေရာအဖြစ် အစိမ်းရောင် ဟိုက်ဒရိုဂျင်စီမံချက်ကို ပူးတွဲရင်းနှီးမြှုပ်နှံမှုပုံစံဖြင့်ဆောင်ရွက်ရန် ဆွေးနွေးဆဲဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားပါသည်။

Siam Cement Group သည် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ဆော်ဒီတွင် ရုံးခန်းဖွင့်လှစ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း၊ ထုပ်ပိုးမှုနှင့်ပိုလီဗီနိုင်းကလိုရိုက်ဒ် လုပ်ငန်းများတွင် ထောက်ပံ့ရေးကွင်းဆက်များကို ချဲ့ထွင်ရန်ဖြစ်ကြောင်း၊  ထိုင်းလယ်ယာစက်မှုနှင့် အစားအသောက်လုပ်ငန်းတွင် ရှေ့ပြေးဦးဆောင်နေသော Charoen Pokphand Foods က ရေအောက်မွေးမြူရေးနှင့် ကြက်မွေးမြူရေးလုပ်ငန်းကို ဆော်ဒီအခြေစိုက် Neom Food Company နှင့် ပူးတွဲရင်းနှီးမြှုပ်နှံမှုအတွက် ဆွေးနွေးဆဲဖြစ်ကြောင်း၊ Health and Wellness Management Consulting Co သည် Saudi Arabia’s Quality of Life Tourism Co နှင့် ကျန်းမာရေးစင်တာများ ဖွင့်လှစ်ရေးဆွေးနွေးလျက်ရှိပါကြောင်း Mr. Sana က ဆက်လက်ပြောကြားပါသည်။

ယခုနှစ်၏ ပထမ ၄ လပတ်အတွင်း ပို့ကုန်အမေရိကန်ဒေါ်လာ ၇၉၉ သန်းနှင့်သွင်းကုန် ၂.၃၆ ဘီလီယံဖြင့် နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၃.၁၆ ဘီလီယံရှိခဲ့ကြောင်း၊ ပို့ကုန်များမှာ ထရပ်တာများ၊စက်ပစ္စည်းများ၊ သစ်နှင့်သစ်ထုတ်ကုန်များ၊ ကျောက်မီးသွေး၊ ရာဘာနှင့်ရာဘာ ထုတ်ကုန်များ၊ ပြုပြင်ထားသော ငါးနှင့်ရေထွက်ပစ္စည်းများဖြစ်ကြောင်း၊ သွင်းကုန်များမှာ လောင်စာဆီ၊ ပေါင်းခံပစ္စည်းများ၊ ဓာတုသတ္တုများ၊ ဓာတ်မြေဩဇာများ၊ ပလတ်စတစ်နှင့် ပလတ်စတစ်အလုံးများနှင့် အော်ဂဲန်းနစ်ဓာတုပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov   

Category: Thailand