China(Nanning)

တရုတ်နိုင်ငံသို့ ရထားလမ်းမှ ပထမဆုံးအကြိမ် တင်သွင်းလာသော ဗီယက်နမ်အုန်းသီးများသည် ကွမ်ရှီးဒေသ၌ အကောက်ခွန်ရှင်းလင်းရေးဆောင်ရွက်ခဲ့

Last Updated:

တရုတ်နိုင်ငံသို့ရထားလမ်းမှ ပထမဆုံးအကြိမ်တင်သွင်းလာသော ဗီယက်နမ်အုန်းသီးများသည် ကွမ်ရှီးဒေသရှိ Pingxiang မီးရထားဘူတာသို့ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ရောက်ရှိလာခဲ့ကြောင်း၊ ယွမ် (၁၆၀,၀၀၀) (အမေရိကန်ဒေါ်လာ ၂၂,၄၆၇) တန်ဖိုးရှိသော အုန်းသီးများသည် ဗီယက်နမ်နိုင်ငံ Binh Duong ပြည်နယ်မှ အောက်တိုဘာလ (၂၅)ရက်နေ့တွင် စတင်ထွက်ခွာခဲ့ပြီး ကွမ်တုန်းပြည်နယ်သို့ ဆက်လက်ပို့ဆောင်မည်ဖြစ်ကြောင်း၊ ယင်းသည် ဗီယက်နမ်မှ အုန်းသီးအချိုများကို တရုတ်နိုင်ငံသို့ ရထားလမ်းမှ စတင်တင်သွင်းခြင်းဖြစ်ကြောင်း သိရှိရပါသည်။

အုန်းသီးများသည်အလေးချိန်ရှိပြီး  တာရှည်ခံသောကြောင့် ရထားဖြင့်သယ်ယူပို့ဆောင်ရန်အတွက် သင့်လျော်ကြောင်း၊ ကုန်းလမ်းမှ ကားဖြင့်သယ်ယူပို့ဆောင်ခြင်းနှင့်နှိုင်းယှဉ်ပါက ရထားဖြင့်ပို့ဆောင်မှုသည် ကုန်ကျစရိတ်သက်သာသော ထောက်ပံ့ပို့ဆောင်ရေးနည်းလမ်းတစ်ခုဖြစ်ကြောင်း Guangxi Xinjiu International Logistics ၏ အကြီးအကဲ Li Jian က ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

သြဂုတ်လ (၁၉)ရက်နေ့တွင် တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား အပင်ပိုးမွှားကင်းရှင်းရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးပြီးနောက် ဗီယက်နမ်မှ လတ်လတ်ဆတ်ဆတ် အုန်းသီးစိမ်းများကို ကုန်းလမ်းဖြင့် အဓိကတင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

လက်ရှိတွင် ရထားလမ်းကိုပါ အသုံးပြုနိုင်ပြီဖြစ်၍ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့အကြား လယ်ယာထွက်ကုန်များ ကုန်သွယ်မှုကို ပိုမိုမြှင့်တင်နိုင်မည်ဖြစ်ကြောင်းနှင့် မျှဝေထားသော အနာဂတ်ကိုတည်ဆောက်ရာတွင် နှစ်နိုင်ငံအကြား စီးပွားရေးဆက်ဆံမှုများ ပိုမိုအားကောင်းလာခြင်းကိုလည်း သက်သေပြနေကြောင်း သိရှိရပါသည်။

Source: en.gxzf.gov.cn/2024-11/04/c_1041637.htm

စီးပွားရေးသံမှူး၊ နန်နင်းမြို့

Category: China(Nanning)