China (Kunming)

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ချန်ကုန်းခရိုင်သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ခိုင်မာသော စက်မှုဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်

Last Updated:

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ ချန်ကုန်း (Chenggong) ခရိုင်သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် သတ်မှတ်ထားသော အရွယ်အစားထက် ကျော်လွန်သည့် စက်မှုလုပ်ငန်းကြီး ၁၉၆ ခုကို အဆိုပါခရိုင်၌ လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သည်။ အဆိုပါ လုပ်ငန်းများ၏ စုစုပေါင်း ကုန်ထုတ်တန်ဖိုးမှာ ယွမ် ၂၀ ဒသမ ၄၄ ဘီလီယံ (အမေရိကန် ဒေါ်လာ ၂ ဒသမ ၈၂ ဘီလီယံ) ဖြစ်ပြီး ခရိုင်၏ တန်ဖိုးမြှင့်စက်မှုလုပ်ငန်းများ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ၁၉ ဒသမ ၃ ရာခိုင်နှုန်းအထိ ရောက်ရှိခဲ့သည်။

ယူနန်ပြည်နယ်၏ ဒစ်ဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဇုန်ကို အရေးပါသော ပလက်ဖောင်းတစ်ခုအဖြစ် အသုံးချလျက် ချန်ကုန်းခရိုင်အနေဖြင့် စီမံကိန်းပံ့ပိုးမှုနှင့် ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် အရှိန်မြှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ယင်းအားဖြင့် ယူနန်ပြည်နယ်ရှိ Huawei ၏ ဒေသဆိုင်ရာ ရုံးချုပ်တည်ဆောက်မှုနှင့် ကူမင်းမြို့ရှိ Yunnan Baiyao သုတေသန ပလပ်ဖောင်း ကဲ့သို့သော လုပ်ငန်းများ တိုးတက်လာမှုကို ဖော်ဆောင်ပေးလျက်သည်။ ချန်ကုန်းခရိုင်သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်အတွက် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ယွမ် ၁၀ ဒသမ ၈၉ ဘီလီယံဖြင့် အဓိက လုပ်ငန်းစီမံကိန်း ၂၇ ခုကို စတင်ဆောင်ရွက်ခွင့်ပြုခဲ့ပြီး အဆိုပါစီမံကိန်းများတွင် ယွမ် သန်း ၁၀၀ ထက်ပိုသော ရင်းနှီးမြှုပ်နှံမှု 14 ခု ပါဝင်ကြောင်း သိရှိရသည်။

အဆိုပါစီမံကိန်းများအနေဖြင့် ဒစ်ဂျစ်တယ်စီးပွားရေး၊ စက်မှုကုန်ထုတ်လုပ်မှု၊ ခေတ်မီဆေးပညာ၊ အဆင့်မြင့်ပညာရေး၊ အခြေခံအဆောက်အအုံ၊ ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အပါအဝင် ကဏ္ဍအသီးသီးကို လွှမ်းခြုံအောင် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်။ လုပ်ငန်းပတ်ဝန်းကျင်ကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခြင်းနှင့် လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခြင်းသည် ယင်းလုပ်ငန်းများ၏ ယုံကြည်မှုကို မြှင့်တင်ရန်အတွက် အဓိက ဦးစားပေး ဖော်ဆောင်ပေးရမည့်အချက်တစ်ခုဖြစ်သည်။ ချန်ကုန်းခရိုင်အနေဖြင့် ၎င်းတို့၏ ကုန်ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှု အခြေအနေတို့ကို နားလည်နိုင်ရန်အတွက် ယင်းလုပ်ငန်းများသို့ လာရောက်လည်ပတ်မှုများကို တက်ကြွစွာ ဖိတ်ခေါ်ဆောင်ရွက်လျက်သည်။ ထိုသို့ ဆောင်ရွက်ခြင်းဖြင့် ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များနှင့် ကိုက်ညီသော အစီအမံများအပေါ် ကောင်းမွန်သော မူဝါဒများ၊ လမ်းညွှန်မှုနှင့် အကြံပြုမှုများကို  မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။

 

 

Source:http://en.www.km.gov.cn/2024-04/29/c_983586.htm

လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: China (Kunming)