Vietnam

ဗီယက်နမ်နိုင်ငံနှင့်တရုတ်နိုင်ငံကြားနှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုမြှင့်တင်

Last Updated:

ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား နယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုစုစုပေါင်းတန်ဖိုးသည် ယခုနှစ် ပထမဆယ်လအတွင်း အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၈၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခြင်းဖြစ်ကြောင်း VN Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဒီဇင်ဘာ ၉ ရက်က ပြုလုပ်သော ညီလာခံတွင် ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ်များတွင် ပို့ကုန်/သွင်းကုန် မြှင့်တင်ရေးဆောင်ရွက်မှု အစီရင်ခံစာကို တင်ပြခဲ့သည်။ အဆိုပါ အစီရင်ခံစာအရ ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား ကုန်းလမ်းနယ်စပ်ဂိတ်များမှတစ်ဆင့် ကုန်သွယ်မှုပမာဏသည် ယခုနှစ်ပထမ ၁၀ လအတွင်း အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၅၇ ဘီလီယံရှိကြောင်း သိရှိရပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တစ်နှစ်ထက် တစ်နှစ် ၈၇ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်းဖော်ပြထားသည်။

ဗီယက်နမ်နိုင်ငံတွင် တရုတ်နိုင်ငံ ယူနန်ပြည်နယ်နှင့် Guangxi Zhuang ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့ထိစပ်နေသော ပြည်နယ်ခုနစ်ခုရှိပြီး နယ်စပ်ကုန်သွယ်မှုသည် ယခုနှစ် ပထမဆယ့်တစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၅၅ ဒသမ ၅၈ ဘီလီယံအထိ ရောက်ရှိခဲ့သော်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။ သို့သော်လည်း နယ်စပ်ကုန်သွယ်မှုသည် နှစ်နိုင်ငံ နယ်စပ်ဒေသများ၏ လူမှုရေးနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအပေါ် သိသိသာသာ အပြု သဘောဆောင်သည့် သက်ရောက်မှုများ ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ဗီယက်နမ်နှင့် တရုတ်နိုင်ငံအကြား နှစ်နိုင်ငံကုန်သွယ်မှုကို လွယ်ကူချောမွေ့စေပါသည်။

၂၀၂၂ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၇၅.၅၆၉ ဘီလီယံရှိပြီး ဗီယက်နမ်နိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ ၂၄ ရာခိုင်နှုန်းအထိရှိကြောင်း ဖော်ပြထားပါသည်။

 

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: Vietnam