ဗီယက်နမ်နိုင်ငံမြောက်ပိုင်း Ninh Binh ပြည်နယ်သည် ၂၀၂၄ ခုနှစ် ၁၁ လအတွင်း ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၃ ဘီလီယံကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၆.၅ ရာခိုင်နှုန်း တိုးလာကြောင်း ပြည်နယ်စာရင်းအင်းရုံး၏ အဆိုအရ သိရှိရပါသည်။ နိုဝင်ဘာလတွင် ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၆၁.၅ သန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
၁၁ လတာကာလအတွင်း အဓိကတင်ပို့သည့် ကုန်ပစ္စည်းများမှာ ဖိနပ်များတင်ပို့ခြင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၈၈၄ သန်း၊ ကင်မရာနှင့် ဆက်စပ်ပစ္စည်းများတင်ပို့ခြင်းမှ အမေရိကန် ဒေါ်လာ ၆၅၇.၇ သန်း၊ ဘိလပ်မြေနှင့် ကလစ်ကာတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၈၄၄ သန်း၊ အထည်ချုပ်နှင့် အထည်အလိပ်ကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၉၉ သန်း၊ အီလက်ထရွန်နစ် အစိတ်အပိုင်းများတင်ပို့ခြင်းမှ အမေရိကန်ဒေါ်လာ ၁၄၃.၄ သန်းနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ တင်ပို့ ခြင်းမှ အမေရိကန်ဒေါ်လာ ၁၃၂.၅ သန်းပါဝင်ကြောင်းဖော်ပြထားပါသည်။
ပြည်နယ်အနေဖြင့် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အခြားစီးပွားရေးညွှန်းကိန်းများတွင် လည်း အပြုသဘောဆောင်သောရလဒ်များရရှိခဲ့ကြောင်း၊ စက်မှုကုန်ထုတ်မှုအညွှန်းကိန်းသည် ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၁၁.၆၈ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်းသိရှိရပါ သည်။
လူသုံးကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ၊ လက်လီရောင်းချမှုမှ ဗီယက်နမ်ဒေါင် ၇၄.၁ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံ) ကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂၆.၁ ရာခိုင်နှုန်း တိုးလာသည်။
ပြည်နယ်သို့ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည် ၈.၁ သန်းကျော်လာရောက်ခဲ့ပြီး တစ်နှစ်ထက် တစ်နှစ် ၃၀.၄ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းမှ စုစုပေါင်းဝင်ငွေသည် ဗီယက်နမ် ဒေါင် ၈.၄၂ ထရီလီယံနီးပါး (အမေရိကန်ဒေါ်လာ ၃၃၀ သန်း) ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၃၉.၃ ရာခိုင်နှုန်း တိုးလာကြောင်း ရေးသားဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)