ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၁ လအတွင်း ရော်ဘာတန်ချိန် ၁.၈ သန်းတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၉၅ ဘီလီယံရရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန၏ စာရင်းဇယားများအရ သိရှိရပါသည်။
အဆိုပါ ကိန်းဂဏန်းများသည် တစ်နှစ်ထက်တစ်နှစ် ပမာဏအားဖြင့် ၆ ရာခိုင်နှုန်းလျော့ ကျသွားသော်လည်း တန်ဖိုးအားဖြင့် ၁၇.၁ ရာခိုင်နှုန်းတိုးလာကြောင်း၊ နိုဝင်ဘာလတစ်လတည်းတွင် ရော်ဘာတင်ပို့မှုမှာ တန်ချိန် ၂၂၀,၀၀၀ ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၂၄.၃ သန်း ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
တရုတ်နိုင်ငံသည် ၁၁ လ တာကာလအတွင်း ဗီယက်နမ်၏ အကြီးမားဆုံးရော်ဘာတင်ပို့သည့်ဈေးကွက်အဖြစ် ဆက်လက်ရပ်တည်ခဲ့ကြောင်း၊ စုစုပေါင်းတင်ပို့မှု ၆၇.၆ ရာခိုင်နှုန်း ဖြစ် ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ ရော်ဘာ တန်ချိန် ၁.၇ သန်း တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၂၇ ဘီလီယံရရှိခဲ့ကြောင်း သိရှိရပါသည်။
ဥရောသမ္မဂ္ဂ (EU) သည် ဗီယက်နမ်နိုင်ငံ ရော်ဘာတင်ပို့မှုတွင် အရေးပါသောဈေးကွက်ဖြစ် ပြီး ၂၀၂၃ ခုနှစ်တွင် အဆိုပါဈေးကွက်သို့ ရော်ဘာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ သန်း ၄၇၀ နီးပါး ရရှိခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။
Source: VN Economy
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)