Vietnam

ဗီယက်နမ်နိုင်ငံသို့ ၁၁ လအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၅.၇ သန်း လာရောက်လည်ပတ်

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ၁၁ လအတွင်း ကမ္ဘာလှည့်ခရီးသွားဧည့်သည် ၁၅.၇ သန်းကို ကြိုဆိုခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်း သိသိသာသာ တိုးတက်လာခဲ့ကြောင်း ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့၏ အဆိုအရ သိရှိရပါသည်။

နိုဝင်ဘာလတစ်လတည်းတွင် နိုင်ငံခြားခရီးသွားဧည့်သည် ဝင်ရောက်မှု ၁.၇ သန်းရှိခဲ့ပြီး စံချိန်တင်ကိန်းဂဏန်းဖြစ်ကာ တစ်နှစ်ထက်တစ်နှစ် ၃၈.၈ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ ၁၁ လတာ ကာလအတွင်း ခရီးသွားကဏ္ဍမှ ၀င်ငွေ စုစုပေါင်းသည် ဗီယက်နမ်ဒေါင် ၇၅၈ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၉.၇ ဘီလီယံ) ရှိမည်ဟု ခန့်မှန်းထားသည်။

ခရီးသွားစျေးကွက်များအနေဖြင့် ကမ္ဘာလှည့်ခရီးသည်များ၏ ၈၀ ရာခိုင်နှုန်းဝန်းကျင်သည် အာရှမှ ရောက်ရှိခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ၄.၁၃ သန်းဖြင့် ဦးဆောင်ကာ တစ်နှစ်ထက်တစ်နှစ် ၁၂၈.၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း၊ တရုတ်နိုင်ငံသည် ၃.၃ သန်းဖြင့် ဒုတိယနေရာတွင်ရှိပြီး ၂၂၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

ဥရောပနိုင်ငံများအနက် ဗြိတိန်သည် ဗီယက်နမ်နိုင်ငံ၏ ထိပ်တန်းခရီးသွားရင်းမြစ်စျေးကွက်တစ်ခုဖြစ်ကာ ခရီးသွားဧည့်သည် ၂၇၉,၀၀၀ ကျော်ရှိပြီး ပြင်သစ်၊ ဂျာမနီနှင့် ရုရှားတို့ နောက်တွင် ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားသည်။

ဗီယက်နမ် အမျိုးသားခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ထိုကဲ့သို့ အပြုသဘော ဆောင်သည့် ရလဒ်များကြောင့် ဗီယက်နမ်နိုင်ငံသည် ယခုနှစ်အတွင်း နိုင်ငံတကာခရီးသွား ၁၈ သန်းဝင်ရောက်ရန် ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်ဟု ယုံကြည်ကြောင်း ဖော်ပြထားပါသည်။

Source: VN Economy

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

Category: Vietnam