၂၀၂၄ ခုနှစ် ၁၁ လအတွင်း ဗီယက်နမ်နိုင်ငံသည် ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၄.၃၁ ဘီလီယံရှိခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ အထွေထွေစာရင်းအင်းရုံး၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ပို့ကုန် နှင့် သွင်းကုန် စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၇၁၅.၅၅ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၁၅.၄ ရာခိုင်နှုန်းတိုးလာကြောင်း၊ နိုဝင်ဘာတစ်လတည်းတွင် အမေရိကန်ဒေါ်လာ ၆၆.၄ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။
၁၁ လအတွင်း ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အလားတူကာလထက် ၁၄.၄ ရာခိုင်နှုန်း တိုးလာကာ အမေရိကန်ဒေါ်လာ ၃၆၉.၉၃ ဘီလီယံရှိပြီး သွင်းကုန်အနေဖြင့် ၁၆.၄ ရာခိုင်နှုန်း တိုးလာကာ ၃၄၅.၆၂ ဘီလီယံ ရှိကြောင်းသိရှိရပါသည်။ ပြည်တွင်းကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁၀၃.၈၈ ဘီလီယံရရှိခဲ့ကြောင်း၊ ရေနံစိမ်းအပါအဝင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍမှ အမေရိကန် ဒေါ်လာ ၂၆၆.၀၅ ဘီလီယံရရှိခဲ့ပြီး ၁၂.၄ ရာခိုင်နှုန်း တိုးလာကာ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၇၁.၉ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။
အဓိက ပို့ကုန် ၃၆ ခုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်ရရှိပြီး စုစုပေါင်းပို့ကုန်၏ ၉၄.၁ ရာခိုင်နှုန်းရှိကြောင်း၊ ၎င်းတို့အနက် ထင်ရှားသော ထုတ်ကုန် ၇ ခုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိပြီး ပို့ကုန်စုစုပေါင်း၏ ၆၆.၅ ရာခိုင်နှုန်းကို ပံ့ပိုးပေးခဲ့ကြောင်း ဖော်ပြထား ပါသည်။
သွင်းကုန်အနေဖြင့် အမေရိကန်ဒေါ်လာ ၃၄၅.၆၂ ဘီလီယံရှိပြီး ၁၆.၄ ရာခိုင်နှုန်း မြင့်တက် ခဲ့ကြောင်း၊ ပြည်တွင်းကဏ္ဍ၏ အသုံးစရိတ်သည် ၁၈.၅ ရာခိုင်နှုန်းမှ ၁၂၆.၀၅ ဘီလီယံအထိ တိုးလာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၁၉.၅၇ ဘီလီယံ စံချိန်တင်ကာ ၁၅.၂ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဖော်ပြထားပါသည်။
သွင်းကုန် ကုန်စည် ၄၄ ခုသည် သွင်းကုန်တန်ဖိုးသတ်မှတ်ချက် ၁ ဘီလီယံကို ကျော်လွန် ကာ စုစုပေါင်းသွင်းကုန် တန်ဖိုး၏ ၉၂.၆ ရာခိုင်နှုန်းရှိကြောင်း၊ သွင်းကုန်ပစ္စည်း ၅ ခုမှာ ၁၀ ဘီလီယံ ကိုကျော်လွန်ကာ စုစုပေါင်း သွင်းကုန်တန်ဖိုး၏ ၅၁.၄ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။
အမေရိကန်သည် ဗီယက်နမ်၏ အကြီးဆုံးပို့ကုန်ဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၀၈.၉ ဘီလီယံဖြင့် ရပ်တည်နေပြီး တရုတ်မှ အမေရိကန်ဒေါ်လာ ၁၃၀.၂ ဘီလီယံဖြင့် ထိပ်တန်း တင်သွင်းသူအဖြစ် ဦးဆောင်လျက်ရှိကြောင်း၊ ဗီယက်နမ်နိုင်ငံ၏ ပို့ကုန်ကဏ္ဍ ပိုမိုတိုးတက်လာ စေရေးအတွက် ပို့ကုန်အရည်အသွေးမြှင့်တင်ရန်၊ ကုန်ကျစရိတ် လျှော့ချရန်နှင့် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များကို အသုံးချဆောင်ရွက်ရန်၊ ဒစ်ဂျစ်တယ်နည်းပညာ အသွင်ပြောင်းရေးနှင့် ဈေးကွက်ချိတ်ဆက်မှုများတိုးမြှင့်ရန် လိုအပ်ကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Express International
(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)