Korea

တောင်ကိုရီးယားနိုင်ငံရှိ POSCO ၏ CEO အဖြစ်တာဝန်ယူခဲ့သူကို POSCO ဥက္ကဋ္ဌအဖြစ် အဆိုပြုထား

Last Updated:

       တောင်ကိုရီးယားနိုင်ငံရှိ POSCO ၏ ဥက္ကဋ္ဌနေရာကို  ယခင်က POSCO ၏ CEO အဖြစ် တာဝန်ယူခဲ့သည့် Mr. Chang In-hwa ကို အဆိုပြုထားကြောင်း ၈-၂-၂၀၂၄ ရက်နေ့တွင် POSCO Holdings က ထုတ်ပြန်ကြေညာခဲ့ပါသည်။

      POSCO Group ၏ CEO အမည်စာရင်းတင်သွင်းရေးကော်မတီဝင် ၇ ဦးက ကိုယ်စားလှယ် လောင်း ၆ ဦးကို တွေ့ဆုံမေးမြန်းမှုပြုလုပ်အပြီး ကြေညာခဲ့ခြင်းဖြစ်ပါသည်။ ၂၁-၃-၂၀၂၄ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် POSCO Group ၏ ရှယ်ယာရှင်များနှင့် ဘုတ်အဖွဲ့ နှစ်ပတ်လည် အစည်း အဝေးတို့တွင် အတည်ပြုပြီးပါက Mr. Chang In-hwa သည် POSCO Group ၏ ဥက္ကဋ္ဌအဖြစ် ခန့် အပ်ခံရမည်ဖြစ်ပါသည်။

      Mr. Chang In-hwa သည် POSCO Group တွင် တာဝန်ထမ်းဆောင်ခဲ့စဉ်က ဌာနများစွာ၏ တာဝန်ကို ထမ်းဆောင်ခဲ့ပါသည်။ ယင်းသို့တာဝန်ယူရာတွင် စက်မှုသိပ္ပံနှင့် နည်းပညာ သုတေသန တက္ကသိုလ်၏ ဒုတိယဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့သည့်အပြင်  POSCO E&C (ယခင်က Engineering and Construction ကို ယခုအခါ Eco & Challenge အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ဆောင်ရွက်နေခြင်း ဖြစ်ပါသည်။) နှင့် POSCO ၏ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှုဗဟိုဌာနချုပ်တို့တွင် ရာထူးအမျိုးမျိုးဖြင့် ဆောင်ရွက်ခဲ့ပါသည်။ သို့ဖြစ်၍ Mr. Chang In-hwa သည် POSCO Group ၏ သံမဏိလုပ်ငန်းကို သာမကစီးပွားရေး လုပ်ငန်းသစ်များ၏ ယှဉ်ပြိုင်နိုင်စွမ်းရည်ကို မြင့်မားလာအောင် ဆောင်ရွက်ပေးနိုင်လိမ့်မည် ဟု အမည်စာရင်းတင်သွင်းရေးကော်မတီကို ဦးဆောင်သည့် Mr. Park Heui-jae က ပြောကြားခဲ့ပါသည်။

 

 

 

Source: https://www.koreaherald.com/view.php?ud=20240208000574

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea