U. A. E

ယူအေအီးအခြေစိုက် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်တွင် တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်ငွေကြေးများပူးပေါင်းပါဝင်မည်

Last Updated:

    ယူအေအီးအခြေစိုက် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုစနစ် (Buna) သည် အိန္ဒိယ၊ တရုတ်၊ ပါက စ္စတန်နှင့် အာဖရိကနှင့် ဥရောပနိုင်ငံများမှ ငွေကြေးများကို ၂၀၂၄၄-၂၀၂၅ ခုနှစ်များအတွင်း ပေါင်း ထည့်သွားမည်ဖြစ်ပါသည်။

   ၎င်းတို့မှ ဆန်းသစ်သောဝန်ဆောင်မှုများကို ဆက်လက်ကမ်းလှမ်းနေပြီး လက်ငင်းငွေပေးချေမှု ကဲ့သို့သော ဝန်ဆောင်မှုများစွာကိုလည်း စတင်ဆောင်ရွက်ခဲ့ပြီး ဥရောပနှင့် အာဖရိကတိုက်များ ၏ငွေပေးချေမှုစနစ်များအပြင် တရုတ်၊ အိန္ဒိယနှင့် ပါကစ္စတန်အပါအဝင် အခြားနိုင်ငံများမှ Buna လမ်းကြောင်းနှင့် အခြားငွေပေးချေမှုနည်းလမ်းများကို ချိတ်ဆက်ရန်အစပျိုးမှုများစွာကို အကောင် အထည်ဖော်ရန်လုပ်ဆောင်နေကြောင်း အာရပ်ဒေသတွင်း ငွေပေးချေမှုရှင်းလင်းရေး အခြေပြု ရေးအဖွဲ့ (Buna) ဥက္ကဋ္ဌ Fahad Al Turki က ဒူဘိုင်းတွင်ပြုလုပ်သော ကမ္ဘာ့အစိုးရများ ထိပ်သီးအ စည်းအဝေးပထမနေ့တွင် ပြောကြားခဲ့ပါသည်။

   Buna ၏ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုဖြေရှင်းချက်သည် အာရပ်နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြင့်လာစေပြီး အရောင်းအဝယ်များတွင် အာရပ်ငွေကြေးများကို အသုံးပြုမှုကိုအားပေးမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Mohamed bin Hadi Al Hussaini က ပြောကြားခဲ့ပါသည်။

    ဤလမ်းကြောင်းသည် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရန် လိုက်လျောညီထွေမှုအဆင့်မြင့်ပြီး ယင်းကဲ့သို့ လုပ်ဆောင်ချက်များကို စောင့်ကြည့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

   ဒူဘိုင်း၏ဒုတိယအကြီးအကဲနှင့် ယူအေအီးနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့်ဘဏ္ဍာရေးဝန်ကြီး ဖြစ်သူ Sheikh Maktoum bin Mohammed bin Rashid Al Maktoum၊ ၎င်း၏အောင်မြင်မှုများအတွက် Buna ၏တရားဝင်အသိအမှတ်ပြုပွဲသို့တက်ရောက်ခဲ့ပါသည်။

    အဆိုပါစနစ်သည် နိုင်ငံပေါင်း ၁၄ နိုင်ငံရှိ ဘဏ်ပေါင်း ၁၀၈ ခုနှင့် ချိတ်ဆက်ထားပြီး နောက်ထပ် ၁၀၅ ခုနှင့်အထက်ဘဏ်များသည် ပလပ်ဖောင်းပေါ်တွင် စတင်အသုံးပြုရန် လုပ်ဆောင်နေပြီး လက်ရှိတွင်၊ အာရပ်ဒေသမှ ငွေကြေးစနစ်လေးခုဖြစ်သည့် ယူအေအီးနိုင်ငံ၏ Dirham၊ ဆော်ဒီအာ ရေဗျနိုင်ငံ၏ Riyal၊ အီဂျစ်နိုင်ငံ၏ Pound နှင့် ဂျော်ဒန်နိုင်ငံ၏ Dinar  အပြင် အမေရိကန်ဒေါ်လာ နှင့် ဥရောပယူရို တို့သည် ၎င်းလမ်းကြောင်း၏ အစိတ်အပိုင်များဖြစ်ပြီး အချိန်နှင့်တပြေးညီ ငွေကြေး လွှဲပြောင်းမှုများကို ကုန်ကျစရိတ်သက်သာစွာဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

    Buna ၏ အမှုဆောင်အရာရှိချုပ် ဖြစ်သူ Mehdi Manna က ယနေ့ခေတ်တွင် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုများသည် နှေးကွေးခြင်း၊ ပွင့်လင်းမြင်သာမှု မရှိခြင်းနှင့် သုံးစွဲရာတွင် အခက်အခဲများနှင့် ပတ်သက်သည့် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း Buna ၏ အဓိက ရည်ရွယ်ချက်မှာ ဒေသတွင်းစီးပွားရေး ပေါင်းစည်းမှုကိုမြှင့်တင်ရန်နှင့် အာရပ်နိုင်ငံများ၏ စီးပွားရေးကိုအားကောင်းစေရန် အာရပ်ဒေသကိုအထူးအာရုံစိုက်ကာ အဆိုပါစိန်ခေါ်မှုအားလုံးကို ဖြေရှင်းရန်ဖြစ်ကြောင်း၂၀၂၄ ကမ္ဘာ့အစိုးရများထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ပါသည်။

     Buna သည် အစိုးရမှ အစိုးရသို့ ငွေပေးချေမှု၊ အစိုးရမှ နိုင်ငံသား၊ တစ်ဦးချင်းမှ တစ်ဦးချင်းနှင့် လွှဲ ပို့ငွေများအကျုံးဝင်ကာ ၎င်းသည်လက်ရှိတွင် လစဉ်ငွေပေးချေမှုထောင်ပေါင်းများစွာကို လုပ်ဆောင်လျှက် ရှိပါသည်။

     ၎င်းတို့၏ရည်ရွယ်ချက်မှာ အရှိန်အဟုန်နဲ့တိုးတက်လာစေရန်ဖြစ်ပြီး ယခုနှစ်ကုန် သို့မဟုတ် လာ မည့်နှစ်အစောပိုင်းတွင်၎င်းတို့အနေဖြင့်လစဉ် ငွေပေးချေမှု သန်းနှင့်ချီရှိလာမည်ဖြစ်ကာ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အာဖရိကနှင့် ဥရောပငွေကြေးများ ပါ၀င်လာမှုအရ ယခုနှစ် သို့မဟုတ် နောက်နှစ်တွင် ၎င်းလမ်းကြောင်းသို့ ချိတ်ဆက်သွားမည် ဖြစ်ပြီး Buna သည် ဗဟိုချုပ်ကိုင်မှုရှိသော လမ်း ကြောင်းတစ်ခုဖြစ်ကာ အခြေခံအဆောက်အအုံကုန်ကျစရိတ်ကို နည်းပါးစေကြောင်း ၎င်းကဆက် လက်ပြောကြားခဲ့ပါသည်။

 

Source:        khaleejtimes.com

(စီးပွားရေးသံမှူး၊ ဒူဘိုင်း)

 

Category: U. A. E